
အသိ နည်းလမ်းမှားတို့ ကျက်စားချိန်
ယေဘုယျေန ဟိ သတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒ္ဓိမာဂမ္မ တိဋ္ဌတိ။
(၀ဇိရဗုဒ္ဓိ)
ပျက်စီးချိန်တန်၊ အကြောင်းဖန်က
သိဉာဏ်အမှု၊ ထိုမှတ်စုတွင်
နည်းတုလွဲမှား၊ မှန်တရားသို့
အများသူငါ၊ ထင်တတ်စွာ၏။
(ဋီကာဆရာမှတ်ချက်)
ကမ္မာပရာဓသတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒိၶမာကမ် တိ႒တိ။
(သုတၱႏၲနီတိ/စတုရာရကၡ)
အကုသိုလ်ဖျက်၊ ကံနှိပ်စက်က
နည်းပျက်မှားမူ၊ နည်းမှန်ဟူသို့
ဗိုလ်လူများထံ၊ အသိဉာဏ်ဝယ်
ပျက်ရန်ချိန်မှတ်၊ ရောက်လာတတ်၏။
(နီတိဆုံးမစာ)
ကမ္မာ ပရာဓ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယော နယရူပေန၊ ဗုဒ္ဓိနာ ကမျ တိဋ္ဌတိ။
ဒီဂါထာလေးက စတုရာရက္ခဒီပနီ၊ မရဏဿတိနိဒ္ဒေသ မှာပါတဲ့ ဂါထာအများထဲက တစ်ပိုဒ်ပါ။ ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုသော်လည်းကောင်း ပျက်စီးဘို့ကို ရှေ့ရှုနေပြီ ဆိုရင် အဲဒီပုဂ္ဂိုလ်၊ အဲဒီ အဖွဲ့အစည်းတွေဟာ မဟုတ်တာကို အဟုတ်ထင်လာတယ်။ မမှန်တာကို အမှန်ထင်လာတယ်။
နည်းလမ်းမဟုတ်တာကို နည်းလမ်းလို့ထင်လာတယ် လို့ ဆိုလိုတာပါ။ မိမိကိုယ်ကိုရော၊ မိမိ အဖွဲ့အစည်းပါ ဆင်ခြင်စဉ်းစားနိုင်ဘို့ ရေးလိုက်တာပါ။ အင်မတန် မှတ်သားစရာကောင်းပါတယ်။ ဒါလေးတွေကို အထူးမှတ်သားပြီးတော့ လုပ်သင့် လုပ်ကြဖို့ အကြံပြုလိုက်ပါတယ်။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment