Thursday, 7 March 2013

မြစ်တို့ ဆုံရာ ပင်လယ်

 

မြစ်တို့ ဆုံရာ ပင်လယ်

 
သူ....
အရမ်း ဆင်းရဲလွန်းတယ်
သနားစရာကောင်းတယ်....။

သူ....
အရမ်း ချမ်းသာလွန်းတယ်
သနားစရာကောင်းတယ်....။

သူ....
အပြင်မှာ ပုန်ကန်နေတဲ့
ဒေါသတွေ လောင်ကျွမ်းနေတယ်....။

သူ....
အချိန်တိုင်း အတွင်းမှာ
တိတ်တဆိတ် လောင်ကျွမ်းနေတယ်....။

သူ....
မငြိမ်းချမ်းတဲ့ ပန်းပွင့်လေးတွေလို
မြေပြင်မှာ ကြွေကျခဲရလို့
ဘဝဟာ တကယ် ခြောက်သွေ့သွားပြီလေ....။
တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment