http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Sunday, 27 January 2013

လိုအပ်နေတဲ့ ဘဝ သော့ချက်

လိုအပ်နေသော ဘဝ သော့ချက်


ပျော့ပြောင်းသော လေပြေလေးများ တိုက်ခိုက်လာတဲ့
ဘဝလွင်ပြင်ထဲမှာ ရုပ်ဝတ္ထုတွေ ခဏထားလိုက်ပါ...
နံရံနှစ်ဖက်မှာ မှန်နှစ်ခု ချိတ်ထားတာတော့
ကိုယ်ရော သူပါ အားလုံးက ရိပ်မိနေပါလိမ့်မယ်...။

ဒါပေမဲ့...
ကိုယ် မှားနေရင် ကိုယ့် အသွင် ကိုယ် အမူအရာ ပြင်လိုက်ပါ..
သူ မှားနေရင် သူ့ အသွင် သူ့ အမူအရာ ပြင်လိုက်ပါ...
နှစ်ဖက်ကြည့် မှန်မျက်နှာမှာ သဘောထား တူညီသွားပါလိမ့်မယ်...။

တစ်ခုတော့ ရှိတယ်....
ဆင်းရဲဒုက္ခ ကြုံဆုံလာလို့ စက္ခူနှစ်ကွင်းက
မျက်ရည်တွေ စီးဆင်းဖို့တော့ မလောပါနဲ့...။

ကိုယ် မှန်တယ်ထင်တဲ့ အမြင်နဲ့လည်း
တဖက်သူကို ခွန်းတုန့်ပြန်ဖို့ မရည်စူးထားပါနဲ့...။

တကယ် ကိုယ်ပိုင် လိုချင်တဲ့ လောကဥသျှောင်
အရှိတရား အသိတရား အမှန်တရားဆိုတာ
တဖက်သူကို ခွန်းတုန့်ပြန်ပြီ ရလာတာမှ မဟုတ်တာ...။

နေ့စဉ် လုပ်ငန်းတွေကို ကိုယ့် ခွန်အား ကိုယ် အားကိုး
ကိုယ်နဲ့ မဆိုင်တဲ့ သူတစ်ပါး ဝင်မစွတ်ဖက်မိစေနဲ့
အချိန်ရှိခိုက် လုံ့လစိုက်ထုတ်လို့
ကိုယ်ဟာ ကျွန် တစ်ယောက်လိုနေ
ကိုယ့် အလုပ်ကို သခင်လို မှတ်
ကိုယ့် ခရီးကို ကိုယ် သွားနိုင်အောင် ကြိုးစား...။

လူ့ဘောင် ဥပဒေသထဲက အများသတ်မှတ်ထားတဲ့
စည်းကမ်းဆိုတာ ကန့်သတ်ချက်တွေနဲ့ ဗျာများနေတဲ့
သံယောဇဉ်တစ်ခုလို နှောင်ဖွဲ့ထားတာမှ မဟုတ်တာ..။

မရှိတဲ့ ဥပဒေသတွေနဲ့ တင်းကျပ်လွန်းတဲ့
စွဲချက်တွေနဲ့ အပိုတွေ သမိုင်းမှာ မရှိဘူး...
ကိုယ် ကိုယ်တိုင် အပြောနဲ့ အလုပ်
ဘောင်မခတ်ထားပဲ တပြေးညီ
ကိုယ် ကိုယ်တိုင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်...။

ဘောင်ခတ်ထားတယ်ဆိုတာ
သဘောမတူတဲ့ အလွှာနှစ်ခုက
ဂုဏ်ချင်း ပြိုင်လို့ နိုင်ချင်တဲ့ သဘာဝ တစ်ခုပါ..။


တစ်ခုတော့ မှတ်ထားပါ...
လှေခါး မတူတဲ့ ဘဝက
ကိုယ်တိုင် အညွတ်တက်လာလို့
ထိုးထိုး ထောင်ထောင် ဖြစ်လာရင်တော့
မိုးကို မျှော်ကြည့်ပါ...။

ဒါပေမဲ့....
ကိုယ့် စိတ်နှင့် ချမ်းသာမှု အညွတ်အဖူးလေးတွေက
အမြင့်တက်လာတဲ့အခိုက်
ကောင်းကင်ကို မော့ကြည့်လွန်းလို့
မြေကြီးနှင့် ခြေမလွတ်စေနဲ့...။

ခြေလွတ် လက်လွတ်ဖြစ်တဲ့ တစ်နေ့...
ပေါ့ပေါ့ဆဆ လုပ်မိလာရင်
အဲဒီ အလုပ် နှစ်ကြိမ် ပြန်လုပ်ရလိမ့်မယ်...။

အဲဒါတွေက...
ပေါ့ဆလွန်းလို့ ဆုံးရှုံးမှုတွေ များလာသလို
အချိန်ကုန် ငွေကုန် လူ ပင်ပန်း ဆင်းရဲရလိမ့်မယ်...။

အဲဒီလို မဖြစ်အောင်...
ထိန်းသိမ်းဖို့ဆိုတာ လိုအပ်လာတယ်....

ဘာကြောင့်လည်းဆိုတော့
ကိုယ် ကိုယ်တိုင် ချွေးကျပြီမှ ရလာတဲ့ ပစ္စည်းတိုင်းဟာ
ဘဝမှာ မြတ်နိုးစရာ အကောင်းဆုံး အမှတ်တရဖြစ်သလို
သောက်လိုက်တိုင်း ချိုမြိန်နေပါလိမ့်မယ်...။

ပြောလိုက်တိုင်းလည်း ပျားရည်လေးတွေလို
ချိုမြိန်နေသလို ခွန်အား ဖြစ်စေမှာ အမှန်တကယ်ပါပဲ...။

ဒါတွေဟာ...
လူသားတိုင်းရဲ့ စာရိတ္တနှင့် အကျင့်တွေကို
ဖော်ပြတဲ့ အောင်မြင်ခြင်းရဲ့ ရလာဒ်တွေပါပဲ...။ 


တက္ကသိုလ်မြတ်မင်း









No comments:

Post a Comment