http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, 15 July 2015

From The True Love To Knowing Ultimate Reality

 
From The True Love To Knowing Ultimate Reality 
 
မျှော်လင့်ချက်ဆိုတာ...

အတိတ်မှာ ချန်ထားလို့ မရဘူး...

ပစ္စုပ္ပန်မှာလည်း ရပ်မနေဘူး...

အနာဂါတ်ကိုလည်း သယ်လို့မရဘူး...

လုပ်ကိုင်နေတဲ့ အလုပ်မှာ မူတည်တယ်...

သိတော့ သိတယ် ခက်တယ်...

မလွယ်ကူတဲ့ ကိစ္စတစ်ခုဆိုတော့...

ရှာဖွေမှုတွေ များလိမ့်မယ်...

ဒါပေမဲ့ တစ်လမ်းတည်း သွားဖို့ လိုတယ်...

ပြီးတော့...

Saturday, 4 April 2015

ဘဝအဓိပ္ပာယ် (၂)

 
 
မွေးဖွားလာတဲ့ ဇာတိသံသရာထဲက

နေခဲ့ရတဲ့ အချိန်တိုအတွင်း

သိတာတွေလည်း သိခဲ့ပြီးပြီ

မြင်တာတွေလည်း မြင်ခဲ့ပြီးပြီ

ကြားတာတွေလည်း ကြားခဲ့ပြီးပြီ

အာရုံခြောက်ပါး အလုပ်နဲ့

ဘဝဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး

ဖွင့်ဆိုနေဆဲ အချိန်တိုကာလထဲမှာ

မသိမှု အဝိဇ္ဇာ ဖန်တီးမှု သင်္ခါရနဲ့

သမုဒယပင်လယ်ထဲ ဆင်းရဲခြင်းတွေ

လှိုင်းတွေ ပုတ်ခတ်ရင်း

ဘဝအဓိပ္ပာယ် (၁)

 
 
အလုပ်တိုင်း အရာမရောက်ပဲ

အဟောသိကံ ဖြစ်သွားတဲ့အခါ

မကျေမနပ် မဖြစ်ပါနဲ့

ဖြစ်ချင်တိုင်း မဖြစ်တဲ့ လောကမှာ

ဖြစ်ချင်တိုင်း လုပ်တဲ့စိတ်ကြောင့်ပဲ

မလိုအပ်တဲ့ အကြောင်းတွေ ဖြစ်လာကြတယ်

အဲဒီအကြောင်းကြောင့်ပဲ

Thursday, 25 September 2014

တော်သလင်းလပြည့် ကုရုဓမ္မနေ့


တော်သလင်းလပြည့် ကုရုဓမ္မနေ့



အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေ ပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (or) ကုရုဓမ္မ အကြောင်းလေးကို စတင် ရေးသားလိုက်ပါတယ်...။

တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။

သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါတယ်လို့လည်း ဆိုကြပြန်ပါတယ်...။

တော်သလင်းလပြည့်နေ့သည်ပင် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက်ဆက်စပ်
နေသောကြောင့်ပင် ဖြစ်ပါတယ်။

ပြီးတော့ ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ ဟု ဆိုရိုးပြုကြပါတယ်။

ရတနာသုံး မြတ်သာသနာ


ရတနာသုံး မြတ်သာသနာ


ဘဂဝါ ဘုန်းလှိုင် သနင်း တရားမင်းအစစ်...

နှိုင်းတုပြိုင်ကင်း စကြာမင်းဖြစ်၍...

တိဘဝပါရဂူ သယမ္ဘူ   သုံးတိုက်သူတို့...

ဦးညွတ် ကိုးကွယ်ရာ ဖြစ်တော်မူ၍...

ဤလောကတွင် ငါးမာန်အောင်မြင်လျက်...

အမတဖိတ်စာနှင့် ဘဝရိပ်သာ


အမတဖိတ်စာနှင့် ဘဝရိပ်သာ


အလင်းကွယ်ပျောက် ဒုက္ခရောက်မှ...

အဆောင်တော်ကူး နောင်တဦးနှင့်...

မောဟချိတ်ပိတ် သံစဉ်တိက်၍...

စရိုက်မြွေဆိုး ဝင်ရောက်တိုးတော့...

အသိကင်းမဲ့ ဥာဏ်စဉ်ပျက်လျက်...

လူညွန်လည်းတုံး အချိန်ဖြုန်း၍...

ပိုမို နှစ်သက် တရှိုက်မက်မက်...

နေသွားခဲ့သော်...။

=========၀၀၀=========

ဓမ္မဖောင်တော်ဖြင့် အမတပြည်သို့


ဓမ္မဖောင်တော်ဖြင့် အမတပြည်သို့


တည်တည်ငြိမ်ငြိမ် နေခါ...

တရားရှာ...

ကိုယ်မှာ တွေ့...

မမေ့ပါဘူး...

သတိထူးနဲ့...

အပ္ပမာဒတရား လက်ကိုင်းထားကာမှ...

စိတ်ကြမ်းကြမ်း မာန ဓလေ့ကြောင့်...

မတွေ့နိုင် သည်တရားသော်မှ...

နီးလျက် ရှောင်သွား...။

========၀၀၀========

အနုသယပယ် သစ္စနယ်

 

အနုသယပယ် သစ္စနယ်


(က) အသိ မရှာဖွေ...

သတိ ကာလာတွေနှင့်...

ကိလေသာ တောအုပ်မှာ...

ဗျာပါဒ အပူထုပ်တွေနဲ့...

မိုးချုပ်လို့ အချိန်ကုန်နေ...။

=======ဝဝဝ=======

Wednesday, 18 June 2014

ဘဝကျွန်မှ လွတ်အောင် ကျိုးစား


ဘဝကျွန်မှ လွတ်အောင် ကျိုးစား

 
အမောမပြေတဲ့ နေ့ရက်တွေမှာ...

စိတ်ကို ခဏလေး အနားပေးလိုက်ပါ...

မသက်သာသေးရင်....

ဝင်သက် ထွက်သက်ကို ပုံမှန် ရှုရှိုက်ပေးပါ...

မအီမသာ ညောင်းညာနေတဲ့ ခန္ဓာအိမ်မှာ....

အပူချိန်များနေရင်လည်း...

တင်ပလ္လင်ခွေကာ ထိုင်လိုက်ပါ...

ကိုင်းနေတဲ့ ခါးကို ဖြောင့်ဖြောင့်ထားလိုက်ပါ...

သို့မဟုတ်...

ဘဝအကျဉ်းမှ ရုန်းထွက်ပါ


ဘဝအကျဉ်းမှ ရုန်းထွက်ပါ

 
တနေ့ကို အကြိမ် ဘယ်လောက်...

ကိုယ့် အသိထဲ သံဝေဂ ရခဲ့လဲဆိုတာ....

ကိုယ့် ကိုယ်ကို ပြန်မေးကြည့်ပါ....

မျက်လုံး အဖွင့် အပိတ်....

အမှောင် အလင်း နေ့ ညတွေထဲ....

ရှင်သန်ရမှာက နှစ်တစ်ရာအတွင်း....

မေ့နေတာက ရက်ပေါင်း မနည်းတော့ဘူး....

လူ့ဘဝ အလင်းရတုန်း....

Tuesday, 17 June 2014

တန်ဖိုးရှိမှ တန်ဖိုးသိ


 

တန်ဖိုးသိမှ တန်ဖိုးရှိ

 
ဘဝမှာ တွေ့ကြုံမှု အသိတွေလည်း များလှပြီ...

သံသရာမှာ ကျင်လည်ရလို့လည်း မသိခဲ့တာ များလှပြီ...

ဖြစ်သမျှအကြောင်း အကောင်းတွေပါပဲလားလို့....

ဂတိ မလွဲ အသိပဲ


ဂတိ မလွဲ အသိပဲ

 
အသိတခု နိုးလာတဲ့ နံနက်....

အိပ်ယာထက်က ရုန်းထလာတဲ့ ခန္ဓာ....

အမြင် စက္ခုနှစ်ကွင်းထဲ ရောက်လာတဲ့ နေရောင်....

စိုစွတ်သွားတဲ့ ပါးပြင်ထက်က ရေစက်....

ကမ်းလက်တို့ ဝေးကွာလျက်....

အကူအညီမဲ့နေတဲ့ နေ့ရက်တွေမှာ....

ဝေဒနာ ဒမြတယောက်လို...

ခံစားချက်ကို ခုံမင်လျက်....

တပ်မက်မှုတွေ စွဲကပ်....

လူသစ် စိတ်သစ် ထူထောင်ခဲ့သမျှ....

အလွဲပေါင်းများစွာနဲ့....

အတ္တတွေကို အနတ္တထင်....

မွေးကတည်းက ပါလာတဲ့ အနာတွေဟာ...

အခုတော့....

ခရီးသွား သံသရာ


 

ခရီးသွား သံသရာ

 
အမှောင်ထု အဝိဇ္ဇာကို....

ဘဝတခု တိုးဝင်လာခဲ့....

ဇာတိသန္ဓေက ထွက်လာတဲ့...

မမြဲသည့် သည်ခန္ဓာကိုယ်ဟာ...

ဝေဒနာချွေးစက်များ ဝိုင်းရံလျက်...

ဆင်းရဲခြင်း သက်သက်နဲ့...

အစိုးမရခြင်း ကျူးကျော်ရပ်ကွက်မှာ...

ချော်လဲ ရောထိုင်ရင်း...

သင်္ခါရရဲ့ မူဝါဒ လမ်းစဉ်အောက်...

အာရုံခြောက်ပါးနှင့် လိုက်ခဲ့...

ကံသုံးချက်ညီမှ တိုးတက်မည်


 

ကံသုံးချက်ညီမှ တိုးတက်မည်

 
သောကတွေကို သွန်ချပြီး...

စိတ်ငြိမ်တဲ့ အရပ်မှာ နေကြည့်ပါ...

ငိုခဲ့တဲ့ အတိတ်မျက်ရည်တွေကို ဆေးကြောလျက်...

အေးချမ်းတဲ့ တရားရိပ်မှာ မွေ့လျှော်ပါ...

အပြင်မှာ လောင်နေတဲ့ မီးတွေ...

အတွင်းမှာ လောင်နေတဲ့ မီးတွေကို ငြိမ်းသတ်ပြီး...

ဝင်သက် ထွက်သက်တွေကို ပုံမှန် ရှုရှိုက်...

အတိတ်ကို ပြန်မစဉ်းစားနဲ့...

ပစ္စုပ္ပန် ရပ်တည်မှုကို ဥာဏ်ယှဉ်လျက်...

ဖြစ် တည် ပျက် ဥပါဒ် ဌီ ဘင် သုံးချက်နဲ့...

လက္ခဏာသုံးချက်ကို တင်ထား...

အနာဂတ်ဆိုတာ မမျှော်လင့်နဲ့...

ကံ ဥာဏ် ဝီရိယ အားကောင်းလျှင်...

ကိုယ် ကိုယ်တိုင် ခင်းကျင်းထားတဲ့...

ကုသိုလ်လမ်းမှာ အကြောင်းသင့်လို့...

အကျိုးလည်း ဖြစ်လာမှာပါ...