ရတနာသုံး မြတ်သာသနာ
ဘဂဝါ ဘုန်းလှိုင် သနင်း တရားမင်းအစစ်...
နှိုင်းတုပြိုင်ကင်း စကြာမင်းဖြစ်၍...
တိဘဝပါရဂူ သယမ္ဘူ သုံးတိုက်သူတို့...
ဦးညွတ် ကိုးကွယ်ရာ ဖြစ်တော်မူ၍...
ဤလောကတွင် ငါးမာန်အောင်မြင်လျက်...
နှိုင်းတုပြိုင်ကင်း စကြာမင်းဖြစ်၍...
တိဘဝပါရဂူ သယမ္ဘူ သုံးတိုက်သူတို့...
ဦးညွတ် ကိုးကွယ်ရာ ဖြစ်တော်မူ၍...
ဤလောကတွင် ငါးမာန်အောင်မြင်လျက်...
ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ်...
ရွှေဝတ်လွှာမှုံ ကြာပဒုံသို့...
အစုံလေးလီ ခိုင်နှင်းဆီကို...
လှမ်းမှီဆွတ်ချွေ ကရွတ်ခွေဝဋ်စက်မှ...
လွတ်ထွက်တော်မူပြီး၍ တရားအစ ဓမ္မစက်နှင့်...
ဓမ္မခန္ဓာပေါင်း များစွာကို မိန့်မြွက်ဟောကြားလျက်...
သုတ် ဝိနည်း အဘိဓမ္မာ ချမှတ်ကာ...
နည်းအဖြာဖြာတွေနှင့် ကျင့်သိက္ခာသုံးဖြာဖြင့်...
အုတ်မြစ်ချကာ မြတ်သာသနာကို...
ဖြန့်ကျက်ဝေဆာ ကမ္ဘာကို လင်းစေခဲ့တယ်...။
==========၀၀၀============
အတုလ ဘဂဝါပရမေရှင်သည်...
နိဗ္ဗူတာ အမြိုက်စခန်းကို လှမ်းကြွခဲ့ပေမဲ့...
သုံးတိုက်သူ များဝေနေအတွက်...
ဓာတ်တော် မွေတော် အသုံးဆောင်တွေကိုဖြင့်...
အနာဂတ်သာသနာ ခရီးဆက်ဖို့ ထားခဲ့လေပြီ...
ထို့အတွက် များဝေနေမှာ အပ္ပမာဒ လက်ကိုင်ထားလို့...
ဓာတု ဓမ္မ ဥဒိဿ ပရိဘောဂ စေတီတော်တို့ကို...
ရည်သန်စိတ်ထူး သဒ္ဓါထူးလို့..
မဟာကုသိုလ်တော် စိတ်ထူးဖြင့်...
ပေးလှူကာ ဘဝအေးငြိမ်းစေဖို့...
ကျင့်သိက္ခာ အကူလက်ဖြင့်...
အထက်တန်း မဂ်လမ်းကိုတော့ တက်လှမ်းခဲ့ပြီလေ...။
...........................................
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
၀၇-၀၉-၂၀၁၄ တွင် ရေးသားခဲ့ပါတယ်
No comments:
Post a Comment