Explain the Nature of Ariyavirecana Concept and Its Psychotherapeutic Value
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Tuesday, 16 June 2015
Friday, 12 June 2015
Thursday, 11 June 2015
Sunday, 7 June 2015
Thursday, 25 September 2014
တော်သလင်းလပြည့် ကုရုဓမ္မနေ့
တော်သလင်းလပြည့် ကုရုဓမ္မနေ့
အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေ ပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (or) ကုရုဓမ္မ အကြောင်းလေးကို စတင် ရေးသားလိုက်ပါတယ်...။
တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။
သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါတယ်လို့လည်း ဆိုကြပြန်ပါတယ်...။
တော်သလင်းလပြည့်နေ့သည်ပင် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက်ဆက်စပ်
နေသောကြောင့်ပင် ဖြစ်ပါတယ်။
ပြီးတော့ ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ ဟု ဆိုရိုးပြုကြပါတယ်။
Tuesday, 29 July 2014
သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် သမိုင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော် မှတ်တမ်း
သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် သမိုင်းနှင့်
ဗုဒ္ဓပူဇနိယပွဲတော် မှတ်တမ်း
(၈) လပိုင်း သြဂုတ်လကို ရောက်လာပြီဆိုတော့ သီရိလင်္ကာနိုင်ငံ၏ အထင်ရှားဆုံး
ကန္ဒီမြို့ရှိ Esala Perahala နှင့် Dalada Perahala အကြောင်းကို ရေးသားချင်
သည့် ဆန္ဒ ဖြစ်လာပါတယ်။
.........................................................................
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဘုရားဖြစ်တော်မူပြီးသည့်အချိန်ကစ၍ မနားမနေ
သတ္တဝါတွေအတွက် မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါးတို့ဖြင့် သတ္တဝါတို့၏ ဥာဏ်
အနုအရင့်အလိုက် ဟောဖော်ညွန်ပြပြီးနောက် မဟာသက္ကရာဇ် (၁၄၈) ခုနှစ်
ကဆုန်လပြည့် အင်္ဂါနေ့မှာ မြတ်စွာဘုရားရှင်သည် ဝါတော် (၄၅) ဝါ သက်တော်
(၈၀) သို့ရောက်တော်မူပြီး မဟာပရိနိဗ္ဗာန်ပြုခဲ့ရပါတယ်။ မြတ်စွာဘုရားရှင်
မဟာပရိနိဗ္ဗာန် ဝင်စံတော်မူပြီး၍ မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လဆုတ်
(၁၂) ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်ကျွမ်းတော်မူသောအခါ
အသားတော် ၊ အသွေးတော်တို့သည် လောင်ကျွမ်းတော်မူပြီး လူသာမန်တို့
ကဲသို့ ပြာများ မဖြစ်သွားပဲ ကြွင်းကျန်သော ဓာတ်တော်များ ကျန်ရှိခဲ့ပါတယ်။
ထိုသို့ ကြွင်းကျန်းသော ဘုရားရှင်၏ ဓာတ်တော်များမှာ အောက်ပါအတိုင်း
ဖြစ်ပါတယ်။
(၁) စွယ်တော် လေးဆူ
(၂) ညှပ်ရိုးတော် နှစ်ဆူ
(၃) ဥဏ္ဏလုံးမွေးရှင်တော် ဟု ခုနှစ်ဆူ ကျန်ရှိခဲ့ပါတယ်။
ကျန်သည့် ရှင်တော်မြတ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ အသေးဆုံး ဓာတ်တော်
မွေတော်ကတော့ မုန်ညှင်းစေ့ခန့် ပမာဏရှိပြီး မြတ်လေးပန်းငုံကဲ့သို့ အရောင်
အဆင်း ရှိပါတယ်။ အလယ်အလတ်ပိုင်း ဓာတ်တော်မွေတော်များမှာ အထက်
ပိုင်း ကျိုးသော ဆန်ကွဲခန့် ပမာဏရှိပြီး အလွန်စင်ကြယ် သန့်ရှင်း တောက်
ပသော ပုလဲအဆင်းနှင့် တူကြပါတယ်။ အကြီးဆုံး ဓာတ်တော်မွေတော်
တို့ကား အလယ်၌ကွဲနေသော ပဲနောက်စေ့ခန့် ပမာဏရှိပြီး ရွှေအဆင်းနှင့်
တူသော အရောင်အဆင်းရှိကြပါတယ် ဟု ဒီဃနိကာယ အဋ္ဌကထာ
စာမျက်နှာ ၁၉၆ တွင် ဖော်ပြထားပါတယ်။
အထက်ပါ ဓာတ်တော်မွေတော်အားလုံးတို့ကို နောက်ထပ်တစ်ဖန် ထပ်၍
မပြိုကွဲ မပျက် စီးနိုင်သောကြောင့် အသမ္ဘိန္န ဓာတ်တော်များဟုလည်း ခေါ်ဆို
ကြပါတယ်။
...........................................................................................
ကြွင်းကျန်ရစ်သော ဘုရားရှင်း၏ ဓာတ်တော်များကို ခုနှစ်ပြည်ထောင်မင်းများ
အား ဒေါနပုဏ္ဏားကြီးက ခွဲဝေပေးခဲ့ပါတယ်။ အချို့ ဓာတ်တော်များကို
အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ တိုင်ပင်ပြီး စက်ယန္တယားအစောင့်
ထားကာ သိမ်းဆည်းမြှပ်နှံထားခဲ့ရာ နောင်နှစ်ပေါင်း ၂၃၅ နှစ်အကြာတွင်
သီရိဓမ္မာသောက မင်းကြီးက တူးဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်
တည်ထား ကိုးကွယ်ကာ သာသနာတော်ကြီး စည်ပင် ပြန့်ပွားစေခဲ့ပါတယ်။
...........................................................................
ဘီစီ (၄) ရာစုတွင် မျက်မှောက် သြဒိသပြည်နယ် ဖြစ်သော ကလိင်္ဂတိုင်း ဂုဟသီဝ
ဘုရင်က ဗုဒ္ဓမြတ်စွယ်တော်ကို အလေးအမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်ခဲ့သလို
ကလိင်္ဂတိုင်းသူ ပြည်သားတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြပါတယ်။
အကြောင်းကား တချို့ အယူမတူကြသူတို့က မင်းကြီး ပန္ဒုထံသို့ သွားရောက်
ခြင်းကပ်၍ ဂုဟသီဝမင်းက နတ်တွေကို မကိုးကွယ်တော့ပဲနှင့် စွယ်တော်ကို ကိုး
ကွယ်နေကြပါတယ် လို့ လျှောက်ကြားလိုက်သည့်အခါမှ မင်းကြီး ပန္ဒုက
ထိုစွယ်တော်ကို သူ့ဆီ သယ်ဆောင်လာခဲ့ပါ။ သည်ရောက်သည့်အခါ အကုန်ပျက်စီး
ပစ်မည် ဟု အမိန့်ပေးပါတယ်။ များမကြာခင် စွယ်တော်သည် မင်းကြီး ပန္ဒုထံသို့
ရောက်လာပါတယ်။ စွယ်တော်၏ ကြုတ်ကို ဖွင့်လိုက်သောအခါ အံ့ဖွယ်တန်ခိုးများ
ဖြာထွက်လာသဖြင့် သူ့ တစ်သက်တာမှာ တစ်ခါသာ ကြုံဖူးသည့် အဖြစ်မျိုးမှ စတင်၍
ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းခဲ့ပါတယ်။ မင်းကြီး ကရှရဒရ ကလည်း
ထိုသတင်းကို ကြားသောအခါ မင်းကြီး ပန္ဒု နေထိုင်သည့် ပလာလုမြို့တော်ကို
တိုက်ခိုက်ဖို့ရန် သူ၏ စစ်သည်များနှင့် ချီတက်ခဲ့ကြပါတယ်။
ထိုအချိန်တွင် မင်းကြီး ပန္ဒု မွေးထားသော လက်ရွေးစင်တပ်နှင့် တွေ့သဖြင့် မင်းကြီး
ကရှရဒရသည် မြို့တော် ပလာလုကို မရောက်ခင် နတ်ရွာစံသွားခဲ့ပါတယ်။ မင်းကြီး
ပန္ဒုတွင် သားတစ်ယောက်နှင့်သမီးတစ်ယောက် ရှိပါတယ်။ မင်းသားလေး အမည်မှာ
ဒန္ထ မင်းသမီးအမည်မှာ ဟေမာမလ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးသည်လည်း ဗုဒ္ဓဘာ
သာဝင်များ ဖြစ်လာကြပါတယ်။ ပြီးတော့ ဂုဟသီဝ မင်းက မင်းကြီး ပန္ဒုထံ တောင်းခံ၍
မင်းသမီး ဟေမာမလနှင့် စုလျားရစ်ပတ် လက်ထက်ခဲ့ကြပါတယ်။
ထို့အချိန်တွင် မင်းကြီး ကရှရဒရ စစ်ပွဲမှာ ကျဆုံးသွားသည်ကို သားဖြစ်သူများ ကြားသိ
ကြသဖြင့် စစ်တပ် အလုံးအရင်းနှင့် ချီတပ်ကာ ဂုဟသီဝမင်းကို သတ်ပြီး စွယ်တော်ကို
ဖျက်ဆီးပစ်ရ မည်ဆိုပြီး ရောက်လာခဲ့ပါတယ်။
Saturday, 15 March 2014
အာစရိယမှ အာစရိယပူဇာ
အာစရိယမှ အာစရိယပူဇာ
ဤကဲ့သို့ ဂါရဝပြုပြီးသည့်နောက် လွန်ခဲ့သော နှစ်များက the voice of Samgha မဂ္ဂဇင်းမှာ
ရေးသားခဲ့ဖူးသော "အာစရိယမှ အာစရိယပူဇာသို့" ဆိုသည့် ဆောင်းပါးလေးဖြင့် ဆရာတော်ကြီးအား ထပ်မံ ပူဇော်လိုက်ပါတယ်။
Saturday, 8 March 2014
မုန်းမာန် ကင်းဝေး မေတ္တာရေး
မုန်းမာန် ကင်းဝေး မေတ္တာရေး
နေညိုညို ညနေချမ်းမှာ လျှောက်နေကြ ဂျလပစ္စလမ်းနှင့် မရဒါနလမ်းပေါ်မှာ လမ်းလျှောက်
ရင်း အတွေးတစ်ခု ဝင်လာပါတယ်။ လူတွေ ပြောနေကြတဲ့ " မေတ္တာဆိုတာ ဘာလဲ " ဆိုတာ
တစ်လမ်းလုံး စဉ်းစားပြီး ကျောင်းသို့ ပြန်ရောက်လာပါတယ်။ ကျောင်းရောက်တော့ မေတ္တာ
အကြောင်း ရေးသားရန် ဟန်ပြင်လိုက်ပါတယ်။ ဒါနဲ့ ထိုင်နေကြ အခန်းထောင့်နားက ကွန်ပြူ
တာရှေ့ကို ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ မေတ္တာနှင့် ပတ်သက်သည့် အချို့ အကြောင်းအရာ
လေးများကို ကျောင်းတိုက်ထဲက စာကြည့်တိုက်ထဲမှ စာအုပ်များ ပြန်လည်ကြည့်ပြီး အချက်
အလက်များကို ယူဆောင်လာခဲ့ပါတယ်။ အရင်က မှတ်သားဖူးသည့် မှတ်ချက်များနှင့် လက်ရှိ
စုဆောင်းထားသော အချက်အလက်ကို ယူ၍ ဤဆောင်းပါးလေးကို စတင် ရေးသားလိုက်
ပါတယ်။
လောကကြီးမှာ ကွဲပြားမှုတွေ များစွာရှိနေကြပါတယ်။ တချို့က မေတ္တာနှင့် တဏှာ မကွဲပြားနိုင်
အောင် ဖြစ်နေတာတွေ ရှိနေကြသဖြင့် မေတ္တာအကြောင်း သိဖို့ရန် လိုအပ်လာပါတယ်။
ဘာကြောင့်လည်းဆိုတော့ တဏှာဆိုတာ မေတ္တာ အယောင်ဆောင်ပြီး အလည်လာတဲ့ ဧည့်
သည်ပါ။ တဏှာအကြောင်း ကောင်းကောင်း မသိကြသဖြင့် မေတ္တာဆိုတာ မသိကြတာလည်း များစွာရှိပါတယ်။
ပါဠိတော်မှာ တဏှာနှင့် မေတ္တာကို သဏ္ဍာန်ပြယုဂ် ထုတ်ပြထားပါတယ်။ အဲဒါက ဘာလဲဆိုရင်
မေတ္တာယနာ မုခေန ရာဂေါ ဝဉ္စေတိ တဲ့ တဏှာရာဂသည် မေတ္တာအသွင်ဆောင်ပြီး ဖျား
ယောင်တတ်၏ ဟု ဖော်ပြထားတာ နေတ္တိပကာရဏာဋ္ဌကထာမှာ တွေ့ရှိရပါတယ်။ ဒါကြောင့် မေတ္တာစစ် မေတ္တာမှန်ဆိုတာ အဖြေရှာဖို့ အမှန်တကယ် လိုအပ်လာသလို မေတ္တာ
ဆိုတာကို ဘာကြောင့် ခေါ်တာလဲဆိုတာ အဖြေမှန် သိဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။ တချို့က တစ်ထောင့်ငါးရာ တဏှာနှင့် ရင်းနှီးထားတဲ့ ကိလေသာတွေကို မေတ္တာအဖြစ်
ပုံမှားရိုက်ပြီး မေတ္တာလို့ တင်စားကာ ခေါ်ဆိုကြတာလည်း ရှိကြပါတယ်။ ဒါဟာ မှားယွင်းမှု တစ်ခုသာ ဖြစ်တယ်။
ပြီးတော့ တစ်ထောင့်ငါးရာ ကိလေသာတွေနှင့် ရောနှောလျက် တစ်ဦးနှင့် တစ်ဦး သဘောတူ နားလည်မှု ယူပြီး သံယောဇဉ်တွေ ဖြစ်လာကြတဲ့ အရာဟာ မေတ္တာ မဟုတ်တဲ့ အချစ်သာ
ဖြစ်ပါတယ်။
မေတ္တာဆိုတာ ဘာလဲ?
မေတ္တာဆိုတာသည် ဗြဟ္မဝိဟာရတရား လေးပါးထဲက တစ်ပါး ပါဝင်ပါတယ်။ ထိုမေတ္တာသည် တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို အလေ့
ထားပြီး အထူးဂရုစိုက်တာ မေတ္တာပင်ဖြစ်ပါတယ်။
Thursday, 27 February 2014
ဘာလဲ လောကဓံ
ဘာလဲ လောကဓံ
ဒီနေ့ရဲ့ နေဝန်းကြီးဟာ ကွယ်သွားပြန်ပြီ ညရဲ့ အမှောင်အောက်မှာ အလင်းရောင်
ဖန်ချောင်းလေးကို ထွန်းညှိပြီး အနီးနားရှိတဲ့ မှတ်စု စာအုပ်ကို လှမ်းယူကာ နေ့လည်က
စဉ်းစားမိတဲ့ အကြောင်းအရာလေး တစ်ခုကို စတင် ရေးဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီ
အကြောင်းကတော့ တခြား မဟုတ်ပါဘူး။ ဘာလဲ လောကဓံ ဆိုတဲ့ အကြောင်း
ကို ရေးသားလိုခြင်း ဖြစ်ပါတယ်.....။
လောကကြီးမှာ နေထိုင်ရသည့်အခါ ပတ်ဝန်းကျင်နှင့် နေထိုင်ကြသလို အသိုင်း
အဝိုင်းနှင့် နေထိုင်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ အချို့က ကိုယ်
ကျင်လည်သည့် အလုပ်အကိုင်နှင့် အသိုင်းအဝိုင်းမှာပင် မဖြစ်မနေ တွေ့ကြုံရမည့်
လက်တွေ့ကျတာနှင့် လက်တွေ့မကျ တဆင့် ကြား၍ သိရသော အကြောင်းအရာ
များလည်း ရှိကြမည်မှာ တကယ်ပင် ဖြစ်ပါတယ်။ အချို့က ကြိုးစား ရုန်းကန်နေမှု၊ အလုပ်ကို
အားစိုက်နေခိုက် အလုပ်နှင့် မတန်အောင် ဖိအားတွေနှင့် လှုပ်ရှား ရုန်းကန်နေရတာလည်း
ရှိပြန်တယ်။
Sunday, 19 January 2014
လူတိုင်းရင်မှာ မင်္ဂလာ
လူတိုင်းရင်မှာ မင်္ဂလာ
လူသားတိုင်း မင်္ဂလာအကြောင်း သိကြပါလိမ့်မည်။ သို့သော် မင်္ဂလာဆိုသည့် အကြောင်းလေးကို တနည်းအားဖြင့် တတ်နိုင်သမျှ အောက်ပါအတိုင်း တင်ပြချင်ပါတယ်။
မင်္ဂလာဆိုတာ ဘာလဲ?
မင်္ဂလာဆိုတာသည် မင်္ဂံပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ လို့ ပါဠိတော်မှာ ဆိုထားပါတယ်။
မင်္ဂံပါပံ၊ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားတွေကို၊ လုနာတိ ဆိန္ဒတီတိ၊ မလာမကပ်အောင် တားဆီးပိတ်ပင်တတ် တားမြစ် ဖြတ်တောက်တတ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်၊ မင်္ဂလံ၊ မင်္ဂလာမည်ပါပေ၏။
Friday, 20 September 2013
ကုရုတိုင်းမှ စာရိတ္တမျိုးစေ့
ကုရုတိုင်းမှ စာရိတ္တမျိုးစေ့
အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေးကို စတင်ရေးသားလိုက်ပါတယ်...။
တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။
သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါ တယ်လို့လည်း ဆိုကြပြန်ပါတယ်...။
ဒါပေမဲ့ တော်သလင်းလပြည့်နေ့သည် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင် ဖြစ်ပါတယ်။
ထို့အပြင် ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု ဆိုရိုးပြုကြပါတယ်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက မထင်မရှား ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား အားထုတ်ကြပါတယ်။ ထို့ရဟန်းနှစ်ပါးသည် ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပစ်လေရာ ကျောက်ခဲမှန်၍ ဟင်္သာသည် အော်ဟစ်မြည် တမ်းလျက် မြေပြင်ကျရောက်လျက် သေဆုံးခဲ့ရတယ်။
The story was told in reference to a monk who had killed a wild goose. Two monks bathed in Aciravatī, and while standing on the bank, drying, they saw two geese appear. The monks took a bet as to which should hit the goose in the eye, and one of them threw a stone which pierced one eye and came out of the other. The monk was reported to the Buddha. (Kurudhamma Jataka No-276)
ထိုအကြောင်းကို မြတ်ဘုရားရှင် ကိုယ်တော်တိုင် သိတော်မူသဖြင့် ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ ရဟန်းဝတ်နေပါလျက် ပါဏာတိပါတကံကို ပြုလုပ်တာ လက်ဆော့ ခြေဆော့ ရှိလှချေပြီ...။၊
ဟိုရှေးရှေးတုန်းက ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှိတွေဟာ သာသနာပ ကာလမှာ သတ်ဖို့ နေနေသာသာ သီလတရားတွေကို အသက်သမျှ တန်ဖိုးထား၍ စောင့်ရှောက်ခဲ့ကြကြောင်းကို မြတ်စွာဘုရားရှင်သည် အတိတ်ဇာတ်ဖြစ်သော ကုရုဓမ္မ ဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါတယ်။
The Bodhisatta was once born as the son of Dhananjaya, king of the Kurus, and, after his fathers death, reigned in Indapatta. He observed the Kurudhamma - that is to say, the pancasila - as did the queen mother, his queen consort, the viceroy, the chaplain, the kings driver, his charioteer, the treasurer, the keeper of the royal granaries, the palace porter and the courtesan of the city.
Sunday, 21 July 2013
အတုမရှိ ရတနာသုံးပါး စုံညီသော လပြည့်ဝါဆို
အတုမရှိ ရတနာသုံးပါး စုံညီသော လပြည့်ဝါဆို
ယနေ့ သာသနာတော်နှစ် ၂၅၅၇ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၅၇ ခုနှစ် ၊ ဝါဆိုလပြည့် တနင်္လာနေ့ (၂၂ - ၀၇ - ၂၀၁၃ ) ခုနှစ်တွင် တရားချစ်ခင် သာသနာ့နွယ်ဝင် သူတော်စဉ် သူတော်ကောင်းတို့ အနေအားဖြင့်..
(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ
သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။
(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။
ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကိုး။
(လယ်တီ ဆရာတော်)
မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ အမှန်တရားတို့ကို ဟောပြခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသ ခဲ့တဲ့ နေ့ထူး နေ့မြတ် အခါ သမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာတရားဦး ဟောကြားတော် မူခဲ့တဲ့ နေရာလေးကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရပါတယ်။
ထို့အပြင် မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။
(ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)
မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။
မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တောထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)
လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်
ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြ တာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သားစရာ ကောင်းပါတယ်။
ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေးကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။
“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။” (ဆရာကြီး မင်းသုဝဏ်)
တဖန် ရဟန်းပညာရှင်လေးတွေကလည်း ဝါဆိုလမြတ်အတွက် အောက်ပါအတိုင်း ကဗျာရေးစပ်လို့ထားသည်ကို တွေ့ရှိရပါတယ်။
ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်
အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။ (အရှင် အလင်္ကာ)
သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်နှစ်၂၀၁၃ ခုနှစ်၊ ယခုနှစ် ဂျူလိုင်လ ၂၂- ရက်နေ့တွင် ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါပေသည်။ ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။
အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။
မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။
ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်း သံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။
ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊
ထွက်တော်မူ နန်းက ခွါခြင်း၊
တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာဖြင့် ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့ သည်။
ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပါသည်။
ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။
ပြန်ပြောင်း တင်ပြရမည် ဆိုသော်- ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီး သည့်နောက် ပဉ္စဝဂ္ဂီ ငါးပါးအစုထဲတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန်တည်ခဲ့ပါသည်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားရှင် အပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။
ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။
ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)
ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေ ကြခြင်း ဖြစ်ပါသည်။
ဤသည်ကား ဝါဆိုလပြည့် နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းများ ဖြစ်ပါသည်။ သူတော်ကောင်း အားလုံးတို့ ဤဝါဆိုလပြည့် အကြောင်းရင်းကို သိ၍ သာသနာတော်ကို ဆထက်မက ကြည်ညိုနိုင်ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။
တက္ကသိုလ်မြတ်မင်း
Sunday, 7 July 2013
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအကျဉ်း
ဗိုလ်ချုပ်ပြောခဲ့သော အမှတ်တရ စကားလေးပါ
၁။ ၁၉၃၂-ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်သို့ရောက်၏။
ထိုအချိန်ကာလသည် သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။
၂။ သူ့ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။
၃။ ၁၉၃၆ ခုနှစ် သူ့အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။
၎။ သူ့အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။
၅။ သူ့အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။
၆။ သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။
(သူ၏ ရဲဘော် ရဲဘက်များက သူ၏ လက်နက်ကိုင် ပုန်ကန် တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ ဗိုလ်ချုပ် အာင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ဓားပြဂိုဏ်းတွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ” ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)
၇။ သူ့အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။
Saturday, 22 June 2013
လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်

လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်
ဒီနေ့ဟာ
(Great Occasion and Great Noble Day) နေ့ထူးနေ့မြတ်ဖြစ်တဲ့ (The
Full_Moon Day Of Nayone) နယုန်လပြည့် မဟာသမယအခါတော်နေ့ဟု ခေါ်နိုင်သလို
Poswan-Day ပင် ဖြစ်ပါတယ်။ ယနေ့ မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားကြကုန်သော
(We were born in the cradle of Buddhism and Buddha)
ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ်ထူးမြတ်သော နေ့ဖြစ်သည်။
နယုန်လပြည့်ရောက်တိုင်းလည်း မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်စဉ်တွေက မဟာသမယအခါတော်နေ့ ကျင်းပကြသလို သီရိလင်္ကာနိုင်ငံမှာလည်း Poswan-Day လို့ဆိုပြီး မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။
ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ မဟာသမယအခါတော်နေ့ကို ကျင်းပကြမည်လို့ ယူဆရသလို အခြားအခြားသော ထေရဝါဒ နိုင်ငံများဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ စသည် ထေရဝါဒနိုင်ငံများက မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။
ဒီလို မဟာသမယနေ့ထူး နေ့မြတ်ကို ကျင်းပခြင်းသည် ကောင်းမွန်သော (The Great Beautiful wholesome Deed) မဟာကုသိုလ်ကြီးပင်ဖြစ်သည်။ ထိုကုသိုလ်သည် လက်တွေ့ဘဝတွင် နေထိုင်ကြသည့် လူသားများအတွက် ပီတိသုခ ချမ်းသာကို လက်တွေ့လက်ငင်း ရရှိစေပါတယ်။ တစ်ခါတရံ လူ့ဘဝ နေထိုင်ကြတဲ့အခိုက်အတန့် တစ်ခါတရံ လူပင်ပန်း စိတ်ပင်ပန်းသလို (Physical-Tiredness and Metal-Tiredness) စိတ်မောနဲ့ လူဘဝကို ဖြတ်သန်းကြရပါတယ်။
အဲဒီလို အခါမျိုးမှာ (physical-Tiredness and Metal-Tiredness) စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုတွေကို သက်သာစေသော မြတ်ဗုဒ္ဓ၏ (Dhamma medicines) တရားဆေးတို့ဖြင့် ပီတိသုခ ချမ်းသာကို တနည်းပြောရလျှင် (Happiness of Dhamma) ဓမ္မချမ်းသာကို လက်ငင်းချက်ချင်း ပေးနိုင်သောကြောင့်ဖြစ်သည်။
သို့သော် (Religious) ဘာသာတရားတိုင်းသည် ကောင်းကျိုးကိုသာ လိုလားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ (Religious) ဘာသာတရားသည် လူသားတိုင်းအတွက် (Peace and Harmony) ငြိမ်းချမ်းရေးကို အသွင်ဆောင်သလို ဗုဒ္ဓဘာသာ၏ တရားတော်များသည်လည်း ဤကဲသို့သော (Peace and Harmony) အညီအမျှ ငြိမ်းချမ်းရေးကို အသွင်ဆောင်ပါတယ်။
ဒီနေ့လို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ ဟိုအတိတ်ဆီက နေ့ရက်တွေကို ပြန်ကြည့်လိုက်တော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က နှစ်ပြည်ထောင်မင်းတွေ အဆင်မပြေဖြစ်ခဲ့တဲ့ ကပိလဝတ်မင်းနဲ့ ကောလိယမင်းတွေကို ငြိမ်းချမ်းရေးရဖို့အတွက် တရားရေအေး တိုက်ကြွေးခဲ့တာကို ကြည့်၍ ရောဟိဏီမြစ်ကို အကြောင်းပြုပြီး တောင်သူ လယ်သမားနှစ်ဦးကစ၍ လယ်ယာစိုက်ပျိုးရေးအတွက် စစ်ဖြစ်တော့မည့် ကပိလဝတ် မင်းသားနဲ့ ကောလိယမင်းသားတို့ကို ငြိမ်းချမ်းရေးရဖူးပါလားဆိုတာ သိရှိကြသဖြင့် ယနေ့ခေတ် မြတ်ဗုဒ္ဓ၏ တရားတော်တို့သည် Apply လုပ်ပြီး ကျင့်သုံးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ကျကျ ကျင့်သုံးလျှင် တကယ်ကျင့်သူတို့အတွက် တကယ်ပင် အကျိုးရှိသော တရားတော်ဖြစ်သောကြောင့်ပင်ဖြစ်တယ်။
နယုန်လပြည့်ရောက်တိုင်းလည်း မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်စဉ်တွေက မဟာသမယအခါတော်နေ့ ကျင်းပကြသလို သီရိလင်္ကာနိုင်ငံမှာလည်း Poswan-Day လို့ဆိုပြီး မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။
ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ မဟာသမယအခါတော်နေ့ကို ကျင်းပကြမည်လို့ ယူဆရသလို အခြားအခြားသော ထေရဝါဒ နိုင်ငံများဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ စသည် ထေရဝါဒနိုင်ငံများက မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။
ဒီလို မဟာသမယနေ့ထူး နေ့မြတ်ကို ကျင်းပခြင်းသည် ကောင်းမွန်သော (The Great Beautiful wholesome Deed) မဟာကုသိုလ်ကြီးပင်ဖြစ်သည်။ ထိုကုသိုလ်သည် လက်တွေ့ဘဝတွင် နေထိုင်ကြသည့် လူသားများအတွက် ပီတိသုခ ချမ်းသာကို လက်တွေ့လက်ငင်း ရရှိစေပါတယ်။ တစ်ခါတရံ လူ့ဘဝ နေထိုင်ကြတဲ့အခိုက်အတန့် တစ်ခါတရံ လူပင်ပန်း စိတ်ပင်ပန်းသလို (Physical-Tiredness and Metal-Tiredness) စိတ်မောနဲ့ လူဘဝကို ဖြတ်သန်းကြရပါတယ်။
အဲဒီလို အခါမျိုးမှာ (physical-Tiredness and Metal-Tiredness) စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုတွေကို သက်သာစေသော မြတ်ဗုဒ္ဓ၏ (Dhamma medicines) တရားဆေးတို့ဖြင့် ပီတိသုခ ချမ်းသာကို တနည်းပြောရလျှင် (Happiness of Dhamma) ဓမ္မချမ်းသာကို လက်ငင်းချက်ချင်း ပေးနိုင်သောကြောင့်ဖြစ်သည်။
သို့သော် (Religious) ဘာသာတရားတိုင်းသည် ကောင်းကျိုးကိုသာ လိုလားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ (Religious) ဘာသာတရားသည် လူသားတိုင်းအတွက် (Peace and Harmony) ငြိမ်းချမ်းရေးကို အသွင်ဆောင်သလို ဗုဒ္ဓဘာသာ၏ တရားတော်များသည်လည်း ဤကဲသို့သော (Peace and Harmony) အညီအမျှ ငြိမ်းချမ်းရေးကို အသွင်ဆောင်ပါတယ်။
ဒီနေ့လို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ ဟိုအတိတ်ဆီက နေ့ရက်တွေကို ပြန်ကြည့်လိုက်တော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က နှစ်ပြည်ထောင်မင်းတွေ အဆင်မပြေဖြစ်ခဲ့တဲ့ ကပိလဝတ်မင်းနဲ့ ကောလိယမင်းတွေကို ငြိမ်းချမ်းရေးရဖို့အတွက် တရားရေအေး တိုက်ကြွေးခဲ့တာကို ကြည့်၍ ရောဟိဏီမြစ်ကို အကြောင်းပြုပြီး တောင်သူ လယ်သမားနှစ်ဦးကစ၍ လယ်ယာစိုက်ပျိုးရေးအတွက် စစ်ဖြစ်တော့မည့် ကပိလဝတ် မင်းသားနဲ့ ကောလိယမင်းသားတို့ကို ငြိမ်းချမ်းရေးရဖူးပါလားဆိုတာ သိရှိကြသဖြင့် ယနေ့ခေတ် မြတ်ဗုဒ္ဓ၏ တရားတော်တို့သည် Apply လုပ်ပြီး ကျင့်သုံးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ကျကျ ကျင့်သုံးလျှင် တကယ်ကျင့်သူတို့အတွက် တကယ်ပင် အကျိုးရှိသော တရားတော်ဖြစ်သောကြောင့်ပင်ဖြစ်တယ်။
Tuesday, 18 June 2013
အမှောင်ကိုခွင်းလို့ အလင်းဆောင်သော ဘဝစွမ်းအင်
အမှောင်ကိုခွင်းလို့ အလင်းဆောင်သော ဘဝစွမ်းအင်
အရာအားလုံးတို့မှာ ရဲရင့်ပြတ်သားခြင်း
သတိတရားဖြင့် မမေ့မလျော့ မှတ်သားနိုင်ခြင်း
ဆင်ခြင်တတ်သော ပညာရှိခြင်း
ဆိုဆုံးမမှု အပေါ်တွင် နာခံနိုင်ခြင်းတို့သည်
မိမိတို့ ဘဝကို ဆီမီးတန်ဆာဖြင့်
ဦးနှောက်ကို လက်တွေ့ အသုံးချတတ်ခြင်း ဖြစ်တယ်...။
တကယ်တမ်းတော့....
ဦးနှောက်ဆိုတာ အသုံးချတတ်တဲ့
သူအတွက်တော့ လက်နက်ကောင်း တစ်လက် ဖြစ်တယ်..။
မိမိ ဦးနှောက်ကို အသုံးမချတတ်တဲ့
သူအတွက်တော့ အများ စွန့်ပစ်ခံဖြစ်သည့်
အမှိုက်ပုံကြီး ဖြစ်သွားလိမ့်မယ်....။
မိမိ ဦးနှောက် အသုံးမချတတ်လျှင်
မျက်မှောက်ဘဝနှင့် အနာဂတ်မှာ
ကိုယ် ဆင်းရဲမှုနှင့် စိတ် ဆင်းရဲမှုတွေ ရင်ဆိုင်ရလိမ့်မည်...။
မိမိ ဦးနှောက်ကို အသုံးချတတ်လျင်
မျက်မှောက်ဘဝနှင့် အနာဂတ်များမှာ
မိမိ ရည်မှန်းသည့် ပန်းတိုင်သို့
လွယ်ကူစွာ ရောက်ရှိကြ၍
မိမိတို့ ဘဝဆီမီးတန်ဆာကို
ကောင်းစွာ ထွန်းညှိနိုင်မည်မှာ
မြေကြီးနှင့် လက် ပုတ်ခတ်လို့
မလွဲ ဧကန် အမှန်ပင် ဖြစ်တယ်...။
သတိတရားဖြင့် မမေ့မလျော့ မှတ်သားနိုင်ခြင်း
ဆင်ခြင်တတ်သော ပညာရှိခြင်း
ဆိုဆုံးမမှု အပေါ်တွင် နာခံနိုင်ခြင်းတို့သည်
မိမိတို့ ဘဝကို ဆီမီးတန်ဆာဖြင့်
ဦးနှောက်ကို လက်တွေ့ အသုံးချတတ်ခြင်း ဖြစ်တယ်...။
တကယ်တမ်းတော့....
ဦးနှောက်ဆိုတာ အသုံးချတတ်တဲ့
သူအတွက်တော့ လက်နက်ကောင်း တစ်လက် ဖြစ်တယ်..။
မိမိ ဦးနှောက်ကို အသုံးမချတတ်တဲ့
သူအတွက်တော့ အများ စွန့်ပစ်ခံဖြစ်သည့်
အမှိုက်ပုံကြီး ဖြစ်သွားလိမ့်မယ်....။
မိမိ ဦးနှောက် အသုံးမချတတ်လျှင်
မျက်မှောက်ဘဝနှင့် အနာဂတ်မှာ
ကိုယ် ဆင်းရဲမှုနှင့် စိတ် ဆင်းရဲမှုတွေ ရင်ဆိုင်ရလိမ့်မည်...။
မိမိ ဦးနှောက်ကို အသုံးချတတ်လျင်
မျက်မှောက်ဘဝနှင့် အနာဂတ်များမှာ
မိမိ ရည်မှန်းသည့် ပန်းတိုင်သို့
လွယ်ကူစွာ ရောက်ရှိကြ၍
မိမိတို့ ဘဝဆီမီးတန်ဆာကို
ကောင်းစွာ ထွန်းညှိနိုင်မည်မှာ
မြေကြီးနှင့် လက် ပုတ်ခတ်လို့
မလွဲ ဧကန် အမှန်ပင် ဖြစ်တယ်...။
တက္ကသိုလ်မြတ်မင်း
Saturday, 9 March 2013
ပဋိပက္ခ ပုံစံကို ရှာဖွေခြင်း အပိုင်း (၁)
ပဋိပက္ခ ပုံစံကို ရှာဖွေခြင်း အပိုင်း (၁)
ဒီနေ့ နံနက် ကျေးငှက်တွေရဲ့ တေးသံနှင့် ကိုလံဘိုမြို့ရဲ့ အလှအပဟာ ကျွန်တော်စိတ်ကို ငြိမ်းချမ်းစေခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် စိတ်ကူးထဲမှာ အတွေးတစ်ခု ဝင်ရောက်လာပါတယ်။ အဲဒါကလည်း ကျွန်တော် လွန်ခဲ့သည့် နှစ်ရက်လောက်က Peace Information and Problem Solving an any Conflicts in the society or organization ဆိုတဲ့ သင်တန်းလေးက ရရှိလာတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေပေးချင်တဲ့ ဆန္ဒဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင် တက်လာတဲ့ ဒီသင်တန်းက ရရှိလာတဲ့ အသိပညာ အတက်ပညာတွေကို အခုလို မျှဝေ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ ပတ်ဝန်းကျင်၊ အသိုင်းဝိုင်း၊ အဖွဲ့အစည်းနှင့် ပထဝီဝင် စသည်တို့မှာ (Conflicts) ပဋိပက္ခဖြစ်လာခြင်း အကြောင်းအရာတွေကို (Research) တစ်ခုအနေနဲ့ လေ့လာကြည့်ရမည်ဆိုလျှင် ပြဿနာ ဖြစ်လာခြင်း (Tools, Materials and Facts) အချက်အလက်ပေါင်း များစွာကို တွေ့ကြရမည်သာ ဖြစ်ပါတယ်။
ဒီလို အချက်အလက် Conflict Causative Roots လို့ခေါ်တဲ့ ပဋိပက္ခ အကြောင်းရင်း ရေသောက်မြစ် မရှိပါပဲ ပြဿနာတစ်ခုသည် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ပြဿနာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်း ရေသောက်မြစ်ရှိ၍သာ ပဋိပက္ခနှင့် ပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်က Conflict Structure ပြဿနာဖြစ်ပေါ်လာခြင်း ပုံသဏ္ဍာန်လည်း ရှိပါတယ်။ ဒီနေရာမှာ Conflict Structure ဆိုတာကတော့ ပြဿနာ ဖြစ်ပေါ်လာခြင်း ပုံစံတစ်ခု ဖြစ်သလို ပြဿနာ ဖြစ်ပေါ်လာသော အကြောင်းရင်း ဖြစ်ပါတယ်။
ဥပမာပြောရလျှင် အိမ် တစ်အိမ်မှာ ညီမနှစ်ယောက်ရှိတယ်။ အဲဒီ ညီမနှစ်ယောက်က တော်တော်လေး ချစ်ချစ်ခင်ခင် နေထိုင်ကြပါတယ်။ တနေ့တော့ သူတို့နှစ်ယောက်က စားပွဲတင်ထားတဲ့ လိမ္မော်သီး တစ်လုံးကို ယူဖို့ပြောတယ်။ အကြီးဖြစ်သူနှင့် အငယ်ဖြစ်သူ တစ်ဦးနှင့် တစ်ဦး ဘာမျှ တိုင်ပင် မနေပါပဲ အဲဒီ လိမ္မော်သီးကို သူလိုချင်တယ် ငါလိုချင်တယ် ဆိုပြီ အငြင်းပွားနေကြပါတယ်။ လိမ္မော်သီးကလည်း ရည်ရွယ်ချက်မတူတဲ့ သူတို့နှစ်ဦး လုယူမှုကြောင့် ပျက်စီး ဆုံးရှုံးသွားပါတယ်။
Subscribe to:
Posts (Atom)