သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် သမိုင်းနှင့်
ဗုဒ္ဓပူဇနိယပွဲတော် မှတ်တမ်း
(၈) လပိုင်း သြဂုတ်လကို ရောက်လာပြီဆိုတော့ သီရိလင်္ကာနိုင်ငံ၏ အထင်ရှားဆုံး
ကန္ဒီမြို့ရှိ Esala Perahala နှင့် Dalada Perahala အကြောင်းကို ရေးသားချင်
သည့် ဆန္ဒ ဖြစ်လာပါတယ်။
.........................................................................
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဘုရားဖြစ်တော်မူပြီးသည့်အချိန်ကစ၍ မနားမနေ
သတ္တဝါတွေအတွက် မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါးတို့ဖြင့် သတ္တဝါတို့၏ ဥာဏ်
အနုအရင့်အလိုက် ဟောဖော်ညွန်ပြပြီးနောက် မဟာသက္ကရာဇ် (၁၄၈) ခုနှစ်
ကဆုန်လပြည့် အင်္ဂါနေ့မှာ မြတ်စွာဘုရားရှင်သည် ဝါတော် (၄၅) ဝါ သက်တော်
(၈၀) သို့ရောက်တော်မူပြီး မဟာပရိနိဗ္ဗာန်ပြုခဲ့ရပါတယ်။ မြတ်စွာဘုရားရှင်
မဟာပရိနိဗ္ဗာန် ဝင်စံတော်မူပြီး၍ မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လဆုတ်
(၁၂) ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ် လောင်ကျွမ်းတော်မူသောအခါ
အသားတော် ၊ အသွေးတော်တို့သည် လောင်ကျွမ်းတော်မူပြီး လူသာမန်တို့
ကဲသို့ ပြာများ မဖြစ်သွားပဲ ကြွင်းကျန်သော ဓာတ်တော်များ ကျန်ရှိခဲ့ပါတယ်။
ထိုသို့ ကြွင်းကျန်းသော ဘုရားရှင်၏ ဓာတ်တော်များမှာ အောက်ပါအတိုင်း
ဖြစ်ပါတယ်။
(၁) စွယ်တော် လေးဆူ
(၂) ညှပ်ရိုးတော် နှစ်ဆူ
(၃) ဥဏ္ဏလုံးမွေးရှင်တော် ဟု ခုနှစ်ဆူ ကျန်ရှိခဲ့ပါတယ်။
ကျန်သည့် ရှင်တော်မြတ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ အသေးဆုံး ဓာတ်တော်
မွေတော်ကတော့ မုန်ညှင်းစေ့ခန့် ပမာဏရှိပြီး မြတ်လေးပန်းငုံကဲ့သို့ အရောင်
အဆင်း ရှိပါတယ်။ အလယ်အလတ်ပိုင်း ဓာတ်တော်မွေတော်များမှာ အထက်
ပိုင်း ကျိုးသော ဆန်ကွဲခန့် ပမာဏရှိပြီး အလွန်စင်ကြယ် သန့်ရှင်း တောက်
ပသော ပုလဲအဆင်းနှင့် တူကြပါတယ်။ အကြီးဆုံး ဓာတ်တော်မွေတော်
တို့ကား အလယ်၌ကွဲနေသော ပဲနောက်စေ့ခန့် ပမာဏရှိပြီး ရွှေအဆင်းနှင့်
တူသော အရောင်အဆင်းရှိကြပါတယ် ဟု ဒီဃနိကာယ အဋ္ဌကထာ
စာမျက်နှာ ၁၉၆ တွင် ဖော်ပြထားပါတယ်။
အထက်ပါ ဓာတ်တော်မွေတော်အားလုံးတို့ကို နောက်ထပ်တစ်ဖန် ထပ်၍
မပြိုကွဲ မပျက် စီးနိုင်သောကြောင့် အသမ္ဘိန္န ဓာတ်တော်များဟုလည်း ခေါ်ဆို
ကြပါတယ်။
...........................................................................................
ကြွင်းကျန်ရစ်သော ဘုရားရှင်း၏ ဓာတ်တော်များကို ခုနှစ်ပြည်ထောင်မင်းများ
အား ဒေါနပုဏ္ဏားကြီးက ခွဲဝေပေးခဲ့ပါတယ်။ အချို့ ဓာတ်တော်များကို
အရှင်မဟာကဿပနှင့် အဇာတသတ်မင်းတို့ တိုင်ပင်ပြီး စက်ယန္တယားအစောင့်
ထားကာ သိမ်းဆည်းမြှပ်နှံထားခဲ့ရာ နောင်နှစ်ပေါင်း ၂၃၅ နှစ်အကြာတွင်
သီရိဓမ္မာသောက မင်းကြီးက တူးဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင်
တည်ထား ကိုးကွယ်ကာ သာသနာတော်ကြီး စည်ပင် ပြန့်ပွားစေခဲ့ပါတယ်။
...........................................................................
ဘီစီ (၄) ရာစုတွင် မျက်မှောက် သြဒိသပြည်နယ် ဖြစ်သော ကလိင်္ဂတိုင်း ဂုဟသီဝ
ဘုရင်က ဗုဒ္ဓမြတ်စွယ်တော်ကို အလေးအမြတ်ပြု၍ ကိုးကွယ်ဆည်းကပ်ခဲ့သလို
ကလိင်္ဂတိုင်းသူ ပြည်သားတို့သည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြပါတယ်။
အကြောင်းကား တချို့ အယူမတူကြသူတို့က မင်းကြီး ပန္ဒုထံသို့ သွားရောက်
ခြင်းကပ်၍ ဂုဟသီဝမင်းက နတ်တွေကို မကိုးကွယ်တော့ပဲနှင့် စွယ်တော်ကို ကိုး
ကွယ်နေကြပါတယ် လို့ လျှောက်ကြားလိုက်သည့်အခါမှ မင်းကြီး ပန္ဒုက
ထိုစွယ်တော်ကို သူ့ဆီ သယ်ဆောင်လာခဲ့ပါ။ သည်ရောက်သည့်အခါ အကုန်ပျက်စီး
ပစ်မည် ဟု အမိန့်ပေးပါတယ်။ များမကြာခင် စွယ်တော်သည် မင်းကြီး ပန္ဒုထံသို့
ရောက်လာပါတယ်။ စွယ်တော်၏ ကြုတ်ကို ဖွင့်လိုက်သောအခါ အံ့ဖွယ်တန်ခိုးများ
ဖြာထွက်လာသဖြင့် သူ့ တစ်သက်တာမှာ တစ်ခါသာ ကြုံဖူးသည့် အဖြစ်မျိုးမှ စတင်၍
ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းခဲ့ပါတယ်။ မင်းကြီး ကရှရဒရ ကလည်း
ထိုသတင်းကို ကြားသောအခါ မင်းကြီး ပန္ဒု နေထိုင်သည့် ပလာလုမြို့တော်ကို
တိုက်ခိုက်ဖို့ရန် သူ၏ စစ်သည်များနှင့် ချီတက်ခဲ့ကြပါတယ်။
ထိုအချိန်တွင် မင်းကြီး ပန္ဒု မွေးထားသော လက်ရွေးစင်တပ်နှင့် တွေ့သဖြင့် မင်းကြီး
ကရှရဒရသည် မြို့တော် ပလာလုကို မရောက်ခင် နတ်ရွာစံသွားခဲ့ပါတယ်။ မင်းကြီး
ပန္ဒုတွင် သားတစ်ယောက်နှင့်သမီးတစ်ယောက် ရှိပါတယ်။ မင်းသားလေး အမည်မှာ
ဒန္ထ မင်းသမီးအမည်မှာ ဟေမာမလ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးသည်လည်း ဗုဒ္ဓဘာ
သာဝင်များ ဖြစ်လာကြပါတယ်။ ပြီးတော့ ဂုဟသီဝ မင်းက မင်းကြီး ပန္ဒုထံ တောင်းခံ၍
မင်းသမီး ဟေမာမလနှင့် စုလျားရစ်ပတ် လက်ထက်ခဲ့ကြပါတယ်။
ထို့အချိန်တွင် မင်းကြီး ကရှရဒရ စစ်ပွဲမှာ ကျဆုံးသွားသည်ကို သားဖြစ်သူများ ကြားသိ
ကြသဖြင့် စစ်တပ် အလုံးအရင်းနှင့် ချီတပ်ကာ ဂုဟသီဝမင်းကို သတ်ပြီး စွယ်တော်ကို
ဖျက်ဆီးပစ်ရ မည်ဆိုပြီး ရောက်လာခဲ့ပါတယ်။
...............................................................................
တဖက်က စစ်ချီလာသော ရန်သူစစ်ကို မနိုင်သည့်အဆုံး မြို့ခံတပ်များ ကျဆုံးသည့်
သတင်းကြားလျှင် ကြားခြင်းမှာပင် ဂုဟသီဝမင်းက မင်းသား ဒန္ထနှင့် မင်းသမီး ဟေမာ
မလတို့နှင့် စွယ်တော်ကိုပါ ထည့်၍ လျှိုဝှက်ပေါက်က ထွက်ပြေးဖို့ရန် ပို့လွှတ်လိုက်ပါ
တယ်။ ထိုမှတဆင့် ဂင်္ဂါမြစ်မှ ရွက်လွင့်ကာ ထွက်ခွာခဲ့တာ နောက်ဆုံး သီရိလင်္ကာနိုင်ငံ၏
လင်္ကာပတ္တန ကူးတို့ဆိပ်ကို ရောက်ခဲ့ကြပါတယ်။ မင်းသား ဒန္ထနှင့် မင်းသမီး ဟေမာ
မလတို့ ရောက်သည့်ကာလသည် သီရိလင်္ကာနိုင်ငံကို ကသီသရီ မဂဝနမင်း အုပ်ချုပ်
နေသည့် အချိန်ကာလပင်ဖြစ်ပါတယ်။ ထိုမင်းသည် အိန္ဒိယပြည်မှ ရောက်လာသော
မင်းသားလေး ဒန္ထနှင့် မင်းသမီး ဟေမာမလတို့ကို နွေးထွေးစွာ ကြိုလိုက်ပါတယ်။
ပြီးတော့ သူတို့၏ အထွဋ်အမြတ်ထားသော ဗုဒ္ဓမြတ်စွယ်တော်ကို လက်ဆောင်အဖြင့်
အပ်နှံမှုကိုလည်း ရိုသေလေးစားစွာဖြင့် လက်ခံလိုက်ပါတယ်။ ထိုအချိန်မှာပင်
ဗုဒ္ဓမြတ်စွယ်တော်ထားရှိမည့် ကျောင်းဆောင်ကိုလည်း မင်းကြီး၏ နန်းတော် အတွင်း
မှာပင် ဆောက်လုပ်ပြီး ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူခဲ့ပါတယ်။
ဤတွင်မက နှစ်စဉ် ဗုဒ္ဓမြတ်စွယ်တော်နှင့် အဘယရာမ ဝိဟာရတွင် ရှိသော ဓာတ်တော်
များကိုပါ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပခဲ့ကြပါတယ်။
.....................................................................................
တဖြေးဖြေး ခေတ်တစ်ခေတ်သို့ ပြောင်းလဲသောအခါ ပေါ်တူဂီများ ခြိမ်းခြောက်လာ
သဖြင့် နန်းတော်ကို အနုရာဓပူရမြို့တော်မှ ပေါလောနရုဝသို့ ပြောင်းဆွေ့ခဲ့ကြရသလို
ပေါလောနရုဝမြို့တော်မှ ဒမ္ဘဒေနိယသို့ ပြောင်းဆွေ့ခဲ့ရပါတယ်။ နောက်ဆုံး ကန္ဒီမြို့
ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သည့် နေရာသို့ ရောက်ရှိခဲ့ပါတယ်။
.......................................................................................
ဤနေရာမှာ ဗုဒ္ဓမြတ်စွယ်တော် ကန္ဒီမြို့ကို မည်သို့ရောက်သလဲဆိုတာ သိပြီးပြီဆိုတော့
သီရိလင်္ကာနိုင်ငံသူ/ သားများ ခေါ်ဝေါ်ကြသော ကန္ဒီ (Kandy) သည် ကန္ဒီ (Kandy )
ဟု အဘယ်ကြောင့် ခေါ်သလဲ ဆိုတာ သိဖို့ရန် လိုအပ်လာပါတယ်။
ကန္ဒီ (Kandy) ဆိုတာ ခေတ်အဆက်ဆက် ပြောင်းလဲ လာသဖြင့် ဝေါဟာရသည်
လည်း ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ရှေးတုန်းက သီရိလင်္ကာနိုင်ငံသူ/သားတို့
ခေါ်ဝေါ်ကြသော အမည် မူလသည် Kanda Uda Rata ဟု ခေါ်ဆိုကြပါတယ်။
Kanda Uda Rata ဆိုတာ ရွာကြီး ငါးရွာကို ပေါင်းစပ်ပြီး တောင်ထိပ်ပေါ်မှာ
တည်ဆောက်ထားသည့် မြို့ကို Kanda Uda Rata မြို့ဟု ခေါ်ဆိုကြပါတယ်။
နောက်ပိုင်း ခေတ်တွေ ပြောင်းလဲလာသဖြင့် ဝေါဟာရတ္ထသည်လည်း ပြောင်းလဲကာ
ကန္ဒီ (Kandy) ဟု တွင်ခဲ့ပါတယ်။
................................................................................
သီရိလင်္ကာ သမိုင်းပညာများ တချို့၏ ပြောဆိုအရကို ဆိုရလျှင်...
ကန္ဒီမြို့ကို ကန္ဒီယန်မင်းများက ၁၄ ရာစုလောက်မှာ စတင်ခဲ့ပြီး ၁၆ ရာစုနှစ်မှာ
သီရိလင်္ကာနိုင်ငံ၏ မြို့တော်ကြီး ဖြစ်ခဲ့သော မြို့ တစ်မြို့ ဖြစ်တယ် ဟု ထိုပညာရှင်
များက ယူဆခဲ့ကြပါတယ်။
.............................................................................
သမိုင်းကြောင်းအနေဖြင့် ပြန်ကောက်ရမည်ဆိုလျှင် ကန္ဒီမြို့ကို ပထဦးဆုံး ဝိကရမ
ဗဟုမင်းက (၁၃၅၇) ခုနှစ်နှင့် (၁၃၇၄) ခုနှစ်လောက်မှာ မျက်မှောက် ကန္ဒီမြို့တော်
တည်ရှိနေသော နေရာ၏ မြောက်ဘက်တွင်ရှိသော ဝါတာပိုလုဝ အရပ်တွင် Kingdom
of Gampola အမည်ဖြင့် နန်းတည်ခဲ့ပါတယ်။ ထိုအချိန်ကား ၄င်းအရပ်ကို သိင်္ဂဒဂလ
ပူရ ဟု မြို့တော် အမည်ပေးခဲ့ကြပါတယ်။ တနည်းအားဖြင့် ၄င်းမြို့တော်ကို ကတုဗုလ
နုဝါရ မြို့ဟု လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။ မျက်မှောက်ခေတ်ကာလမှတော့ အများ
သိကြသည့် ကန္ဒီမြို့ ဟု ခေါ်ကြပါတယ်။ အဘယ်ကြောင့် သိင်္ဂဒ ဟု ခေါ်ဆိုကြသလဲ
ဆိုတော့ မြို့တော်၏ မနီးမဝေး အရပ်တွင် ဂူတစ်ဂူမှာ နေထိုင်သောနတ်၏ အမည်ကို
အစွဲပြု၍ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
............................................................................................
၁၅၆၀ ခုနှစ်တွင် ပေါ်တူဂီများက ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သော ကျောင်းဆောင်ကို
ပျက်စီးကြသလို ရှေးဟောင်း ယဉ်ကျေးမှု အမွေများ ဖြစ်သည့် အနုပညာ ဗိသုကာ
လက်ရာများကိုလည်း ပျက်စီးခဲ့ကြ သဖြင့် မြန်မာပြည်မှ ဟံသာဝတီ မင်းက ကျောင်း
ဆောင် ပြန်လည် မွန်းမံဖို့ရန် ရွှေဒင်္ဂါးများ၊ ဗုဒ္ဓမြတ်စွယ်တော် ကြုတ်နှင့် အခြားလှူဒါန်းမှု
များစွာကိုလည်း ကိုယ်တိုင် ကိုယ်ကြ လှူဒါန်းခဲ့ပါတယ်။
............................................................................................
၁၅၉၂ ခုနှစ်တွင် ကျူးကျော်ဝင်ရောက် တိုက်ခိုက်လာသော ပေါ်တူဂီတို့ကို အနိုင်ယူ၍
လွတ်လပ်ရေး ရယူကာ လက်ရှိ ကန္ဒီမြို့ကို တည်ထောင်ခဲ့ပါတယ်။ (၁၆ - ၁၇ - ၁၈)
ရာစုတွင် ပေါ်တူဂီ ၊ ဒက်နှင့် ကျူးကျော်ခဲ့သမျှ ပြည်ပ ရန်သူတို့ကို အပြီးအပိုင် တိုက်ခိုက်
မောင်းထုတ်ခဲ့သလို (၁၈၀၃) ခုနှစ်တွင်မှာလည်း ကျူးကျော်လာသူ ဗြိတိသျှားတို့ကိုလည်း
တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုအချိန်တွင် ကန္ဒီမြို့သည် Nayaks မင်း အုပ်ချုပ်သည့်အချိန်
ပင်ဖြစ်ပါတယ်။
............................................................................................
၁၈၁၅ ခုနှစ်တွင် ကန္ဒီယန်မင်းတို့၏ နောက်ဆုံးဖြစ်သော ဝိကရမရာဇသင်္ဂဟကို
ြိဗိတိသျှားတို့က ဖမ်းချုပ်ခဲ့ပါတယ်။ တဆက်တည်းမှာပင် ခေတ်အဆက်ဆက်က
မင်းများထိန်းသိမ်းလာသော ထိုနေရာကို သံဃာတော်များထံသို့ အပ်နှံသဖြင့်
သံဃာတော်များမှ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သော ကျောင်းဆောင်ကို အသက်ရင်း၍
ထိန်းသိမ်းခဲ့ကြရပါတယ်။
........................................................................................
ထိုအချိန်ထဲက ထိန်းသိမ်း စောင့်ရှောက်ခဲ့သဖြင့် ယခုအခါ ဗုဒ္ဓမြတ်စွယ်တော်
ကိန်းဝပ်သော ကျောင်းဆောင်ကလည်း ဘုရားဖူးလာသူတိုင်း၏ စိတ်နှလုံးကို
ကိုင်လှုပ်နေဆဲ ဖြစ်သလို စွယ်တော်ကျောင်းတော်နှင့် သိပ်မကွာသော နေရာတွင်
အင်မတန် လှပသော ရေကန်ကြီး တစ်ခုလည်း တည်ရှိပါတယ်။ ကျောင်းဆောင်၏
မျက်နှာစာတွင်လည်း လှပသော မြက်ခင်းတစ်ခုလည်း ရှိပါတယ်။ ကျောင်းဆောင်ကို
မဝင်ခင်တွင် စွယ်တော်တိုက် ဝန်ကြီးမှ စီစဉ်ထားသည့် စစ်ဆေးရေး ဂိတ်လည်း
ရှိပါတယ်။ စွယ်တော်တိုက် ဝန်းကျင်တွင်လည်း သမိုင်း လက်ရာများ ၊ ရှေးဟောင်း
ဗိသုကာ လက်ရာများ ၊ မြန်မာပြည်သူ/သားများမှ လှူဒါန်းထားသော ပန်းချီ ပန်းပု
လက်ရာများ ၊ ခေတ်အဆက်ဆက်က ထိန်းသိမ်းထားသော ရှေးဟောင်း ပစ္စည်းများနှင့်
ယဉ်ကျေးမှု ပြတိုက်ကြီးကလည်း ဘုရားဖူး လာရောက်ကြသူအပေါင်းကို
နှစ်သက်ဖွယ် ကောင်းလှအောင် စွဲဆောင်နေသလို ဘုရားဖူး လာရောက်ဖူးသူအားလုံး
ကလည်း တစ်ခါ တစ်ခေါက် လာဖူးယုံနှင့် နောက်တစ်ခေါက် မြတ်စွယ်တော်ကို
အာရုံယူကာ ဖူးမြော်ကြချင်သည်မှာ ဖူးမြော်သူတိုင်း ရင်ထဲ စွဲထင်စေခဲ့ပါတယ်။
...............................................................................
ယခုအခါ သီရိလင်္ကာနိုင်ငံ၏ မြို့တော်သည် ကိုလံဘို ဖြစ်ပါတယ်။ မြို့တော် ကိုလံဘိုနှင့်
အကွာအဝေး (၁၁၅) ကီလိုမီတာတွင် ရှေးဟောင်းအမွေအနှစ်များနှင့် ဗုဒ္ဓမြတ်စွယ်တော်
ကိန်းဝပ်သော ကန္ဒီမြို့တော် တည်ရှိပါတယ်။ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သော
နေရသည်လည်း ကန္ဒီမြို့၏ ဗဟိုချက်မ တည့်တည့်တွင် တည်ရှိပါတယ်။ ၁၉၈၈
ခုနှစ်တွင် ကန္ဒီမြို့ကို Unisco က သီရိလင်္ကာနိုင်ငံသူ/သားတို့ အထွဋ်အမြတ်
ထားသော ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သော ရှေးဟောင်းယဉ်ကျေးမှု မြို့တော် ဟု
တင်စား ခေါ်ဝေါ်ကြသလို ကန္ဒီမြို့တော်ကြီး၏ သဘာဝပတ်ဝန်းကျင်နှင့် အလှအပ
များက ကမ္ဘာ့ခရီးသွားအားလုံးတို့ကို အသွင်မတူသည့် အလှတစ်မျိုးဖြင့် စွဲဆောင်နေ
သည်မှာ မြေနှင့် လက်ဝါးရိုက်ခတ် လို့ မလွဲအောင်ပင် ဖြစ်ပါတယ်။
...............................................................................
ဇူလိုင်လ ၂၇ ရက်နေ့မှ စ၍ သြဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမည့် ဗုဒ္ဓမြတ်စွယ်တော်
တည်ရှိရာဖြစ်သော သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့သည် ရာသီဥတုကလည်း အင်မတန်
သင့်လှသော တောင်ပေါ်မြို့လေး ဖြစ်ပါတယ်။ သဘာဝရေမြေ တောတောင်များ
ကလည်း ဘုရားဖူး လာရောက်ကြသော ဘုရားဖူးလာ သူတိုင်းကို အင်မတန် စွဲဆောင်
နေပါတယ်။ ထို့အပြင် ကန္ဒီမြို့သည် မြန်မာပြည်အနေနဲ့ ကြည့်မည်ဆိုလျှင် ပြင်ဦးလွင်
ကဲ့သို့သော အေးချမ်းသော ဒုတိယမြို့တော်လည်း ဖြစ်ပါတယ်။
..................................................................................
ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်သော မြို့တော်ကန္ဒီမှာ ဗုဒ္ဓမြတ်စွယ်တော် လှည့်ပွဲအနေ
အားဖြင့် နှစ်စဉ် (၇-၈) လပိုင်းတွင် ကျင်းပမြဲ ဖြစ်ပါတယ်။ ၄င်းပွဲတော်တွင် ပြည်နယ်နှင့်
တိုင်းများ အလိုက် ကန္ဒီယန် ယဉ်ကျေးမှု အကမျိုးပေါင်း (၁၀၀)ကျော်တို့ ပါဝင် ကပြကြ
ပါတယ်။ ထို့အပြင် ကန္ဒီယန်မင်းများလက်ထက်ကအတိုင်း ဆင်အကောင် တစ်ရာကျော်
ပါဝင်သလို ဆင်အကများစွာလည်း ပါဝင်ကြပါတယ်။
ထို့ကြောင့် ကန္ဒီမြို့တွင် ကျင်းပသော Perahala ပွဲတော်သည် မြို့တော်အသီးသီး
ပြည်နယ်အသီသီး ဒေသအသီးသီးမှ မြို့သူ/သား နယ်သူ/သားများ လာရောက်ကြသည့်
အင်မတန် စည်ကားလှသော ပွဲတော်ကြီးပင် ဖြစ်ပါတယ်။ ဤပွဲတော်ကို မြို့သူ/သား
နယ်သူ/သားများက ပွဲတော်ကို ကြည့်ရှုဖို့အတွက် နေရာများကို တစ်ပတ်လောက်
ကြိုတင် နေရာယူထားကြရပါတယ်။ မြို့နယ်အသီးသီး၊ နယ်အသီးသီးမှလာကြသော
ပွဲတော်ကြည့်သူများသည် နေရာများကို ကြိုတင်မယူဘူးဆိုလျှင် ပွဲတော်တွင် နေရာရ
ဖို့ရန် အလွန်ပင် မလွယ်ကူချေ။ Kandy Perahalas ပွဲတော်များမှာ အောက်ပါအတိုင်း
ဖြစ်ပါတယ်.......
(၁) Esala Perahala ပွဲတော်
(၂) Dalada Perahala ပွဲတော်
(၃) Kumbal Perahera ပွဲတော်
(၄) Randoli Perahera ပွဲတော်
(၅) Day Perahera (Water Cutting Ceremony
known as “Diya Kepeema”)
ဟု ပွဲတော် ငါးခု ဖြစ်ပါတယ်။
Esala Perahala ပွဲတော်သည် ရှေးအစဉ်အဆက်က သီရိလင်္ကာနိုင်ငံသူ/သားများ
သည် မိုးမရွာသောအခါ မိုးရွာရန်အတွက် မိုးနတ်မင်းကို ပူဇော်ကြသည့် ပွဲတော်ပင်
ဖြစ်ပါတယ်။
....................................... ဝဝဝဝဝဝဝဝဝ ........................
...................................(ဒုတိယပိုင်း).............................
..............................မကြာမီ လာမည် မျှော်.......................
.................................................................................................
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
၂၆ ရက်မှ ၂၉ - ၀၇ - ၂၀၁၄ တွင် ဘာသာပြန်ဆိုခဲ့ပါသည်...
........................................................................................
ကျမ်းကိုး ကျမ်းကားများ
-------------------------
(၁) စူဠဝံသ
(၂) ဒီဃနိကာယ ဋ္ဌ- စာ- ၁၉၆
(၃) The Buddha's Tooth
(၄) Relics of the Buddha
(၅) http://en.wikipedia.org/wiki/Relic_of_the_tooth_of_the_Buddha
(၆) http://en.wikipedia.org/wiki/Esala_Perahera#History
(၇) http://visitkandysrilanka.com/
(၈) http://visitkandysrilanka.com/about-kandy-sri-lanka/
(၉) http://buddhism.about.com/od/buddhistholidays/a/
The-Buddhas-Tooth.htm
No comments:
Post a Comment