ဘဝကျွန်မှ လွတ်အောင် ကျိုးစား
အမောမပြေတဲ့ နေ့ရက်တွေမှာ...
စိတ်ကို ခဏလေး အနားပေးလိုက်ပါ...
မသက်သာသေးရင်....
ဝင်သက် ထွက်သက်ကို ပုံမှန် ရှုရှိုက်ပေးပါ...
မအီမသာ ညောင်းညာနေတဲ့ ခန္ဓာအိမ်မှာ....
အပူချိန်များနေရင်လည်း...
တင်ပလ္လင်ခွေကာ ထိုင်လိုက်ပါ...
ကိုင်းနေတဲ့ ခါးကို ဖြောင့်ဖြောင့်ထားလိုက်ပါ.. .
သို့မဟုတ်...
လျောင်း ထိုင် ရပ် သွား လေးပါးမှာ...
နှစ်သက်ရာ တခုခုကို ရွေးချယ်လိုက်ပါ...
မလွင့်ပြယ်သော စိတ်ဖြင့်...
မငြိမ်းချမ်းသော သောကကို...
မေတ္တာရေဖြင့် ချိုးလိုက်ပါ...
ပြီးတော့...
ဘဝမှာ အကြိမ်ပေါင်း မနည်း....
နာကျင်ခဲ့ဖူးတာတွေ အရိပ်တခုလို ဖြစ်လာလျှင်...
စဉ်းစာရင်း နာကျင်တာမျိုး ဖြစ်လာတတ်တယ်...
ဝေဒနာဆိုတာ ခံစားလေ ကိုက်ခဲပါပဲ....
အမြင်ကြောင့်သော်လည်းကောင်း ...
အကြားကြောင့်သော်လည်းကောင်း ...
အာရုံခြောက်ပါးကြောင့်သော်လ ည်းကောင်း...
စွဲကပ်လာတဲ့ ဥပါဒါန်တွေကို ခွာချကြည့်ပါ...
ပေးဆပ်ခဲ့တာလည်း များလှပြီ...
ဒီနေ့ အလင်းရနေတဲ့ ဘဝကို...
မနက်ဖြန် အမှောင်မကျစေချင်တော့ဘူး...
လူ့ဘဝ အလင်းရနေတုန်း...
ဥာဏ်အလင်းပွင့်လို့ အလင်းကို သွားတာ အကောင်းဆုံးပါပဲ...
တဏှာဦးဆောင်ရာ သံသရာမှာ လည်ပတ်နေလျှင်တော့...
ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးသလို ဖြစ်ပြီး...
သွားရာခရီး ဂတိလည်း မမြဲ...
ဘဝအစွဲတွေကြောင့် အလွဲကြီး လွဲလို့...
အတ္တကျွန် တဏှာကျွန်ဖြစ်၍....
သံသရာရှည်ကြဦးမည်သာ...။
စိတ်ကို ခဏလေး အနားပေးလိုက်ပါ...
မသက်သာသေးရင်....
ဝင်သက် ထွက်သက်ကို ပုံမှန် ရှုရှိုက်ပေးပါ...
မအီမသာ ညောင်းညာနေတဲ့ ခန္ဓာအိမ်မှာ....
အပူချိန်များနေရင်လည်း...
တင်ပလ္လင်ခွေကာ ထိုင်လိုက်ပါ...
ကိုင်းနေတဲ့ ခါးကို ဖြောင့်ဖြောင့်ထားလိုက်ပါ..
သို့မဟုတ်...
လျောင်း ထိုင် ရပ် သွား လေးပါးမှာ...
နှစ်သက်ရာ တခုခုကို ရွေးချယ်လိုက်ပါ...
မလွင့်ပြယ်သော စိတ်ဖြင့်...
မငြိမ်းချမ်းသော သောကကို...
မေတ္တာရေဖြင့် ချိုးလိုက်ပါ...
ပြီးတော့...
ဘဝမှာ အကြိမ်ပေါင်း မနည်း....
နာကျင်ခဲ့ဖူးတာတွေ အရိပ်တခုလို ဖြစ်လာလျှင်...
စဉ်းစာရင်း နာကျင်တာမျိုး ဖြစ်လာတတ်တယ်...
ဝေဒနာဆိုတာ ခံစားလေ ကိုက်ခဲပါပဲ....
အမြင်ကြောင့်သော်လည်းကောင်း
အကြားကြောင့်သော်လည်းကောင်း
အာရုံခြောက်ပါးကြောင့်သော်လ
စွဲကပ်လာတဲ့ ဥပါဒါန်တွေကို ခွာချကြည့်ပါ...
ပေးဆပ်ခဲ့တာလည်း များလှပြီ...
ဒီနေ့ အလင်းရနေတဲ့ ဘဝကို...
မနက်ဖြန် အမှောင်မကျစေချင်တော့ဘူး...
လူ့ဘဝ အလင်းရနေတုန်း...
ဥာဏ်အလင်းပွင့်လို့ အလင်းကို သွားတာ အကောင်းဆုံးပါပဲ...
တဏှာဦးဆောင်ရာ သံသရာမှာ လည်ပတ်နေလျှင်တော့...
ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးသလို ဖြစ်ပြီး...
သွားရာခရီး ဂတိလည်း မမြဲ...
ဘဝအစွဲတွေကြောင့် အလွဲကြီး လွဲလို့...
အတ္တကျွန် တဏှာကျွန်ဖြစ်၍....
သံသရာရှည်ကြဦးမည်သာ...။
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
စင်္ကာပူမှာ....
၀၃ - ၀၆ - ၂၀၁၄ တွင် ရေးသားခဲ့ပါသည်
No comments:
Post a Comment