မွေးဖွားလာတဲ့ ဇာတိသံသရာထဲက
နေခဲ့ရတဲ့ အချိန်တိုအတွင်း
သိတာတွေလည်း သိခဲ့ပြီးပြီ
မြင်တာတွေလည်း မြင်ခဲ့ပြီးပြီ
ကြားတာတွေလည်း ကြားခဲ့ပြီးပြီ
အာရုံခြောက်ပါး အလုပ်နဲ့
ဘဝဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး
ဖွင့်ဆိုနေဆဲ အချိန်တိုကာလထဲမှာ
မသိမှု အဝိဇ္ဇာ ဖန်တီးမှု သင်္ခါရနဲ့
သမုဒယပင်လယ်ထဲ ဆင်းရဲခြင်းတွေ
လှိုင်းတွေ ပုတ်ခတ်ရင်း
ဆော့ကစားခဲ့တဲ့ မူလနှစ်ဖြာ ရေသောက်မြစ်ဟာ
အစသံသရာကျင်လည်ရာ ဝဲသြဃထဲမှာ
လှုပ်လေ မြှုပ်လေ လှုပ်လေ မြှုပ်လေနဲ့
သံယောဇဉ် နွယ်ရစ်ပတ်လို့
ပျော်လို့မဆုံး မော်လို့မဆုံး ဖြစ်ပြီး
မွေးဖွားခြင်း သေဆုံးခြင်းဆိုတဲ့
ဘဝအဓိပ္ပာယ်တွေ ဖော်ဆောင်ဖို့
အလှပန်းတွေကို မြင်ခါမှ
ခလုတ်တိုက်မိတဲ့ ဇရာရဲ့
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေကို
သိလိုက်တဲ့အချိန်ဟာ
ကုတင်ညောင်စောင်းမှာ
မျက်ရည်တွေ တစက်ခြင်း ကျ
အင်အားတွေ ချည့်နဲ့
ဆံဖြူ သွားကျိုးလို့ အသားအရည်က
တဖြေးဖြေး တွန့်လိတ်ပြီး
အစားအသောက်တွေ အရသာမဲ့တဲ့ နေ့
နေမင်းဟာ တဖြေးဖြေး ကမ္ဘာမြေပေါ်က
ပျောက်ကွယ်လုနီး မမြင်နိုင်တဲ့
ဝိဇ္ဇာနှင့်စရဏ အကျင့်သီလတွေကို
အပ္ပမာဒသတိ လက်ကိုင်တုတ်လို
မလွတ်တမ်း ကမ္မဋ္ဌာန်းပွားရင်း
ခန္ဓာခွာ တစ်သံသရာ ငြိမ်းအေးဖို့
သစ္စာအလင်းကို ထွန်းညှိရင်း
သန္တိသုခ အမတပဒဖြင့် လျှောက်လှမ်းခဲ့ပေါ့....။
==========၀၀၀===========
နေခဲ့ရတဲ့ အချိန်တိုအတွင်း
သိတာတွေလည်း သိခဲ့ပြီးပြီ
မြင်တာတွေလည်း မြင်ခဲ့ပြီးပြီ
ကြားတာတွေလည်း ကြားခဲ့ပြီးပြီ
အာရုံခြောက်ပါး အလုပ်နဲ့
ဘဝဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး
ဖွင့်ဆိုနေဆဲ အချိန်တိုကာလထဲမှာ
မသိမှု အဝိဇ္ဇာ ဖန်တီးမှု သင်္ခါရနဲ့
သမုဒယပင်လယ်ထဲ ဆင်းရဲခြင်းတွေ
လှိုင်းတွေ ပုတ်ခတ်ရင်း
ဆော့ကစားခဲ့တဲ့ မူလနှစ်ဖြာ ရေသောက်မြစ်ဟာ
အစသံသရာကျင်လည်ရာ ဝဲသြဃထဲမှာ
လှုပ်လေ မြှုပ်လေ လှုပ်လေ မြှုပ်လေနဲ့
သံယောဇဉ် နွယ်ရစ်ပတ်လို့
ပျော်လို့မဆုံး မော်လို့မဆုံး ဖြစ်ပြီး
မွေးဖွားခြင်း သေဆုံးခြင်းဆိုတဲ့
ဘဝအဓိပ္ပာယ်တွေ ဖော်ဆောင်ဖို့
အလှပန်းတွေကို မြင်ခါမှ
ခလုတ်တိုက်မိတဲ့ ဇရာရဲ့
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေကို
သိလိုက်တဲ့အချိန်ဟာ
ကုတင်ညောင်စောင်းမှာ
မျက်ရည်တွေ တစက်ခြင်း ကျ
အင်အားတွေ ချည့်နဲ့
ဆံဖြူ သွားကျိုးလို့ အသားအရည်က
တဖြေးဖြေး တွန့်လိတ်ပြီး
အစားအသောက်တွေ အရသာမဲ့တဲ့ နေ့
နေမင်းဟာ တဖြေးဖြေး ကမ္ဘာမြေပေါ်က
ပျောက်ကွယ်လုနီး မမြင်နိုင်တဲ့
ဝိဇ္ဇာနှင့်စရဏ အကျင့်သီလတွေကို
အပ္ပမာဒသတိ လက်ကိုင်တုတ်လို
မလွတ်တမ်း ကမ္မဋ္ဌာန်းပွားရင်း
ခန္ဓာခွာ တစ်သံသရာ ငြိမ်းအေးဖို့
သစ္စာအလင်းကို ထွန်းညှိရင်း
သန္တိသုခ အမတပဒဖြင့် လျှောက်လှမ်းခဲ့ပေါ့....။
==========၀၀၀===========
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
မဟာဝိဇ္ဇာ၊ ပီအိပ်ခ်ျ ဒီ (Thesis)
04-04-2015
http://www.venpunnavamsa2.blogspot.com
No comments:
Post a Comment