အလုပ်တိုင်း အရာမရောက်ပဲ
အဟောသိကံ ဖြစ်သွားတဲ့အခါ
မကျေမနပ် မဖြစ်ပါနဲ့
ဖြစ်ချင်တိုင်း မဖြစ်တဲ့ လောကမှာ
ဖြစ်ချင်တိုင်း လုပ်တဲ့စိတ်ကြောင့်ပဲ
မလိုအပ်တဲ့ အကြောင်းတွေ ဖြစ်လာကြတယ်
အဲဒီအကြောင်းကြောင့်ပဲ
ကိုယ်ချစ်ခင်တဲ့ သူနဲ့ ကွေကွင်းရတယ်
ခံယူချက်တွေလည်း ပျက်ပြားရတယ်
သည်းခံမှုတွေလည်း မရှိသလို ဖြစ်ပြီး
အရင်က ကျင့်သုံးလာတဲ့ သီလတွေလည်း
ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်
မတိုက်ဆိုင်တတ်တဲ့ လောကကြီးရဲ့
ဖြစ်လာတတ်တဲ့ သဘောသဘာဝထဲ
အဝိဇ္ဇာ မသိမှုတွေကြောင့်
သင်္ခါရ ဖန်တီးမှု အကြောင်းခံရင်း
အလွှာတစ်လွှာ အနေနဲ့
အတိတ်အကြောင်းခံ ဖြစ်လာပြီး
ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ
ဝေဒနာတွေနှင့် တစ်လွှာဖြစ်လာပြန်တော့
ဟုတ်သလိုလို မှန်သလိုလို ဆုံးဖြတ်ချက် ချထားတဲ့
မြင်သိစိတ် ကြားသိစိတ် နံသိစိတ် အရသာသိစိတ်
အထိအတွေ့ခံချင်တဲ့ စိတ်နှင့် ခံစားချက်တွေနဲ့
ဘဝရဲ့ အဓိပ္ပာယ်တစ်ခုလို ရှာဖွေရင်း
တဏှာအကြောင်းခံ အစွဲအလန်းတွေနဲ့
ကမ္မဘဝ အလွှာပေါ်မှာ ယစ်မူးရင်း
နောက်ဆုံး ရလာဒ်တွေကို
ရှာကြည့်တော့ မွေးဖွာလာတယ်
ဘဝတစ်ခု သရုပ်ကို ဖော်ဆောင်ရင်း
အားလုံး နေထိုင်လာခဲ့တယ်
ဘဝဇာတ် တစ်ခန်းရပ်ပြီးတော့
တစ်ခန္ဓာဟာ ဒီသံသရာမှာ
စက်တစ်ခု ရပ်သွားပြန်တယ်ဆိုတော့
ဘဝဆိုတာ
မွေးဖွားခြင်း သေဆုံးခြင်းရဲ့
ဇာတ်လမ်းထဲက ပြဇာတ်တစ်ပုဒ်ပါပဲ
မြင်တတ်ရင် အမတလမ်းပေါ်
ခရီးပေါက်ဖို့ ပန်းတိုင်ရောက်အောင် သွားရမှာပေါ့...။
============၀၀၀============
အဟောသိကံ ဖြစ်သွားတဲ့အခါ
မကျေမနပ် မဖြစ်ပါနဲ့
ဖြစ်ချင်တိုင်း မဖြစ်တဲ့ လောကမှာ
ဖြစ်ချင်တိုင်း လုပ်တဲ့စိတ်ကြောင့်ပဲ
မလိုအပ်တဲ့ အကြောင်းတွေ ဖြစ်လာကြတယ်
အဲဒီအကြောင်းကြောင့်ပဲ
ကိုယ်ချစ်ခင်တဲ့ သူနဲ့ ကွေကွင်းရတယ်
ခံယူချက်တွေလည်း ပျက်ပြားရတယ်
သည်းခံမှုတွေလည်း မရှိသလို ဖြစ်ပြီး
အရင်က ကျင့်သုံးလာတဲ့ သီလတွေလည်း
ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်
မတိုက်ဆိုင်တတ်တဲ့ လောကကြီးရဲ့
ဖြစ်လာတတ်တဲ့ သဘောသဘာဝထဲ
အဝိဇ္ဇာ မသိမှုတွေကြောင့်
သင်္ခါရ ဖန်တီးမှု အကြောင်းခံရင်း
အလွှာတစ်လွှာ အနေနဲ့
အတိတ်အကြောင်းခံ ဖြစ်လာပြီး
ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ
ဝေဒနာတွေနှင့် တစ်လွှာဖြစ်လာပြန်တော့
ဟုတ်သလိုလို မှန်သလိုလို ဆုံးဖြတ်ချက် ချထားတဲ့
မြင်သိစိတ် ကြားသိစိတ် နံသိစိတ် အရသာသိစိတ်
အထိအတွေ့ခံချင်တဲ့ စိတ်နှင့် ခံစားချက်တွေနဲ့
ဘဝရဲ့ အဓိပ္ပာယ်တစ်ခုလို ရှာဖွေရင်း
တဏှာအကြောင်းခံ အစွဲအလန်းတွေနဲ့
ကမ္မဘဝ အလွှာပေါ်မှာ ယစ်မူးရင်း
နောက်ဆုံး ရလာဒ်တွေကို
ရှာကြည့်တော့ မွေးဖွာလာတယ်
ဘဝတစ်ခု သရုပ်ကို ဖော်ဆောင်ရင်း
အားလုံး နေထိုင်လာခဲ့တယ်
ဘဝဇာတ် တစ်ခန်းရပ်ပြီးတော့
တစ်ခန္ဓာဟာ ဒီသံသရာမှာ
စက်တစ်ခု ရပ်သွားပြန်တယ်ဆိုတော့
ဘဝဆိုတာ
မွေးဖွားခြင်း သေဆုံးခြင်းရဲ့
ဇာတ်လမ်းထဲက ပြဇာတ်တစ်ပုဒ်ပါပဲ
မြင်တတ်ရင် အမတလမ်းပေါ်
ခရီးပေါက်ဖို့ ပန်းတိုင်ရောက်အောင် သွားရမှာပေါ့...။
============၀၀၀============
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
မဟာဝိဇ္ဇာ၊ ပီအိပ်ခ်ျ ဒီ (Thesis)
http://www.venpunnavamsa2.blogspot.com
03-04-2015
မဟာဝိဇ္ဇာ၊ ပီအိပ်ခ်ျ ဒီ (Thesis)
http://www.venpunnavamsa2.blogspot.com
03-04-2015
No comments:
Post a Comment