ကံသုံးချက်ညီမှ တိုးတက်မည်
သောကတွေကို သွန်ချပြီး...
စိတ်ငြိမ်တဲ့ အရပ်မှာ နေကြည့်ပါ...
ငိုခဲ့တဲ့ အတိတ်မျက်ရည်တွေကို ဆေးကြောလျက်...
အေးချမ်းတဲ့ တရားရိပ်မှာ မွေ့လျှော်ပါ...
အပြင်မှာ လောင်နေတဲ့ မီးတွေ...
အတွင်းမှာ လောင်နေတဲ့ မီးတွေကို ငြိမ်းသတ်ပြီး...
ဝင်သက် ထွက်သက်တွေကို ပုံမှန် ရှုရှိုက်...
အတိတ်ကို ပြန်မစဉ်းစားနဲ့...
ပစ္စုပ္ပန် ရပ်တည်မှုကို ဥာဏ်ယှဉ်လျက်...
ဖြစ် တည် ပျက် ဥပါဒ် ဌီ ဘင် သုံးချက်နဲ့...
လက္ခဏာသုံးချက်ကို တင်ထား...
အနာဂတ်ဆိုတာ မမျှော်လင့်နဲ့...
ကံ ဥာဏ် ဝီရိယ အားကောင်းလျှင်...
ကိုယ် ကိုယ်တိုင် ခင်းကျင်းထားတဲ့...
ကုသိုလ်လမ်းမှာ အကြောင်းသင့်လို့...
အကျိုးလည်း ဖြစ်လာမှာပါ...
သို့သော်....
သီလ သမာဓိ ပညာတွေကို...
အခြေခံ အုတ်မြစ်ချထား...
လောကဓံ လမ်းမထက်မှာ...
မချော်ရအောင် ထိန်းသိမ်း...
အတွေးအခေါ်ကြောင့် လမ်းမမှားစေနဲ့...
အမြင်မကြည်တဲ့ တချို့ကို ရှောင်တိမ်း...
စေတနာနှင့် ပတ်သက်တဲ့ အလုပ်တိုင်းဟာ...
ကံတရားအသစ်တွေကို မွေးဖွား...
အဆင့်တန်းဆိုတာ...
ကာယကံ ဝစီကံ မနောကံက သင်ကြားပေးတဲ့...
ဘဝတိုးတတ်မှု လမ်းစဉ်တွေပါပဲ...။
စိတ်ငြိမ်တဲ့ အရပ်မှာ နေကြည့်ပါ...
ငိုခဲ့တဲ့ အတိတ်မျက်ရည်တွေကို ဆေးကြောလျက်...
အေးချမ်းတဲ့ တရားရိပ်မှာ မွေ့လျှော်ပါ...
အပြင်မှာ လောင်နေတဲ့ မီးတွေ...
အတွင်းမှာ လောင်နေတဲ့ မီးတွေကို ငြိမ်းသတ်ပြီး...
ဝင်သက် ထွက်သက်တွေကို ပုံမှန် ရှုရှိုက်...
အတိတ်ကို ပြန်မစဉ်းစားနဲ့...
ပစ္စုပ္ပန် ရပ်တည်မှုကို ဥာဏ်ယှဉ်လျက်...
ဖြစ် တည် ပျက် ဥပါဒ် ဌီ ဘင် သုံးချက်နဲ့...
လက္ခဏာသုံးချက်ကို တင်ထား...
အနာဂတ်ဆိုတာ မမျှော်လင့်နဲ့...
ကံ ဥာဏ် ဝီရိယ အားကောင်းလျှင်...
ကိုယ် ကိုယ်တိုင် ခင်းကျင်းထားတဲ့...
ကုသိုလ်လမ်းမှာ အကြောင်းသင့်လို့...
အကျိုးလည်း ဖြစ်လာမှာပါ...
သို့သော်....
သီလ သမာဓိ ပညာတွေကို...
အခြေခံ အုတ်မြစ်ချထား...
လောကဓံ လမ်းမထက်မှာ...
မချော်ရအောင် ထိန်းသိမ်း...
အတွေးအခေါ်ကြောင့် လမ်းမမှားစေနဲ့...
အမြင်မကြည်တဲ့ တချို့ကို ရှောင်တိမ်း...
စေတနာနှင့် ပတ်သက်တဲ့ အလုပ်တိုင်းဟာ...
ကံတရားအသစ်တွေကို မွေးဖွား...
အဆင့်တန်းဆိုတာ...
ကာယကံ ဝစီကံ မနောကံက သင်ကြားပေးတဲ့...
ဘဝတိုးတတ်မှု လမ်းစဉ်တွေပါပဲ...။
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
၂၆-၀၃-၂၀၁၄ တွင်
တိုပါးယိုး မြန်မာကျောင်းတိုက်
အဟူ လမ်း၊ တိုက်ဂျင်း၊ စင်္ကာပူနိုင်ငံမှာ
ရေးသားခဲ့ပါသည်...။
No comments:
Post a Comment