နှုတ်မဆက် ပြန်ဝင်သွားတဲ့ ဆည်းဆာ
သတ္တဝါ တခု ကံ တခုပေါ့...
ဖြစ်လာသမျှ အကြောင်းလို့ပဲ သတ်မှတ်...
ခံစားချက်ကို ခဏဖယ်ထား...
ဝေဒနာဖက်တဲ့ နေ့ရက်တွေက များပြား...
ဘဝကရထားတဲ့ ခန္ဓာနှင့်...
ဒဏ်ရာ ရထားကြီး ခုတ်မောင်း...
ပူပြင်းတဲ့ မီးခိုငွေ့တွေထဲ...
သောက ချွေးတွေ သွန်းလောင်း...
ဖြစ်လာသမျှ အကြောင်းလို့ပဲ သတ်မှတ်...
ခံစားချက်ကို ခဏဖယ်ထား...
ဝေဒနာဖက်တဲ့ နေ့ရက်တွေက များပြား...
ဘဝကရထားတဲ့ ခန္ဓာနှင့်...
ဒဏ်ရာ ရထားကြီး ခုတ်မောင်း...
ပူပြင်းတဲ့ မီးခိုငွေ့တွေထဲ...
သောက ချွေးတွေ သွန်းလောင်း...
မမေ့ပါနဲ့...
တို့တတွေ ခရီးသွားတွေပါ...
ရှင်သန်နေတဲ့ နေ့ရက်တိုင်း...
အဆင်ပြေဖို့အတွက်...
ဘဝကို လက်ဆောင်ပနာတွေ ပေးပြီး...
ပျော်ရွှင်မှုအတွက် တန်ဆာဆင်လျက်...
ဇရာ ဗျာဓိ မရဏ နာရေး သုံးခုကို မေ့ခဲ့...
ဇောချွေးတွေ ပြန်နေတုန်း...
တနေ့တာ တောင်စွယ် နေကွယ်ခါနီးပြီ...
ဆည်းဆာကို ငေးလျက်...
နှုတ်မဆက်ပဲ အိပ်တန်း ပြန်ဝင်တော့မှာလား...။
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
(ခ) တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment