ခရီးသွား သံသရာ
အမှောင်ထု အဝိဇ္ဇာကို....
ဘဝတခု တိုးဝင်လာခဲ့....
ဇာတိသန္ဓေက ထွက်လာတဲ့...
မမြဲသည့် သည်ခန္ဓာကိုယ်ဟာ...
ဝေဒနာချွေးစက်များ ဝိုင်းရံလျက်...
ဆင်းရဲခြင်း သက်သက်နဲ့...
အစိုးမရခြင်း ကျူးကျော်ရပ်ကွက်မှာ...
ချော်လဲ ရောထိုင်ရင်း...
သင်္ခါရရဲ့ မူဝါဒ လမ်းစဉ်အောက်...
အာရုံခြောက်ပါးနှင့် လိုက်ခဲ့...
ထိတွေ့မှု မျိုးစုံနဲ့.....
ခံစားချက်တွေ ပေါက်ကွဲ...
တပ်မက်မှု နှလုံးသားဟာ...
ဥပါဒါန် စွဲကပ်...
သံသရာဟာ ပဋိစ္စလို လည်ပတ်လျက်...
တို့တတွေ.....
ဒုက္ခက္ခန္ဓဿ သမုဒယလုပ်မှာလား...
ဒုက္ခက္ခန္ဓဿ နိရောဓလားဆိုတာ စဉ်းစား...
အမှားပါလာရင်တော့.....
ဘဝတခုပြီး တခု သံသရာလည်ကြဦးမယ်သာ....။
ဘဝတခု တိုးဝင်လာခဲ့....
ဇာတိသန္ဓေက ထွက်လာတဲ့...
မမြဲသည့် သည်ခန္ဓာကိုယ်ဟာ...
ဝေဒနာချွေးစက်များ ဝိုင်းရံလျက်...
ဆင်းရဲခြင်း သက်သက်နဲ့...
အစိုးမရခြင်း ကျူးကျော်ရပ်ကွက်မှာ...
ချော်လဲ ရောထိုင်ရင်း...
သင်္ခါရရဲ့ မူဝါဒ လမ်းစဉ်အောက်...
အာရုံခြောက်ပါးနှင့် လိုက်ခဲ့...
ထိတွေ့မှု မျိုးစုံနဲ့.....
ခံစားချက်တွေ ပေါက်ကွဲ...
တပ်မက်မှု နှလုံးသားဟာ...
ဥပါဒါန် စွဲကပ်...
သံသရာဟာ ပဋိစ္စလို လည်ပတ်လျက်...
တို့တတွေ.....
ဒုက္ခက္ခန္ဓဿ သမုဒယလုပ်မှာလား...
ဒုက္ခက္ခန္ဓဿ နိရောဓလားဆိုတာ စဉ်းစား...
အမှားပါလာရင်တော့.....
ဘဝတခုပြီး တခု သံသရာလည်ကြဦးမယ်သာ....။
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
စင်္ကာပူနိုင်ငံမှာ...
၀၁ - ၀၆ - ၂၀၁၄ တွင် ရေးသာခဲ့ပါသည်...။
No comments:
Post a Comment