http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Wednesday, 15 July 2015

From The True Love To Knowing Ultimate Reality

 
From The True Love To Knowing Ultimate Reality 
 
မျှော်လင့်ချက်ဆိုတာ...

အတိတ်မှာ ချန်ထားလို့ မရဘူး...

ပစ္စုပ္ပန်မှာလည်း ရပ်မနေဘူး...

အနာဂါတ်ကိုလည်း သယ်လို့မရဘူး...

လုပ်ကိုင်နေတဲ့ အလုပ်မှာ မူတည်တယ်...

သိတော့ သိတယ် ခက်တယ်...

မလွယ်ကူတဲ့ ကိစ္စတစ်ခုဆိုတော့...

ရှာဖွေမှုတွေ များလိမ့်မယ်...

ဒါပေမဲ့ တစ်လမ်းတည်း သွားဖို့ လိုတယ်...

ပြီးတော့...

အချိန်ကို ရွေးချယ်ဖို့ မဟုတ်သလို...

အချိန်ကလည်း ကိုယ့်ကို ရွေးချယ်နေမှာတော့...

ဘယ်တော့မှ မရှိဘူး...

ဒီနေ့ ရှင်သန်နေတဲ့ အခိုက်အတန့်မှာ...

အသက်ရှုဖို့လည်း မမေ့နဲ့...

သိမ့်မွေ့တဲ့ အရာတစ်ချို့...

ကိုယ်နှင့် အနီးဆုံး ရှိနေပေမဲ့...

အနီးနှင့် အဝေး သုံးနှင့် လေးလို...

ကျောခိုင်းမှုတွေ ဖြစ်နေလိမ့်မယ်...

စဉ်းစားကြည့်ပါ...

တစ်နေ့ ကိုယ့်ရဲ့ အချိန်ဟာ...

တရွေ့ရွေ့ ကုန်ဆုံးသွားနေတယ်...

ကိုယ့်နှလုံးသားရဲ့ သွေးခုန်နှုန်းဟာလည်း...

တဖြေးဖြေး နှေးကွေးလာတယ်...

သွေးခုန်နှုန်း နှေးလာသမျှ...

ထက်သန်တဲ့ စိတ်တွေဟာလည်း...

ထုံထိုင်းလာတယ်...

လိုချင်စိတ် ရှိပေမဲ့လည်း...

စိတ်ခိုင်းရာ ကိုယ် မလိုက်နိုင်တော့မှ...

ပူလောင်မှု အသီး အပွင့်တွေနဲ့...

အနံ့ဆိုးဆိုး သီးလာတဲ့ ဒူးရင်းသီးလို...

ဆူးငြောင့်တွေ အလီလီနဲ့...

တွတ်မရတဲ့ သင်္ချာတစ်ပုဒ်လို ဖြစ်ပြီး...

ကိန်းဂဏာန်း ခလုတ်တိုက်တဲ့...

လက်ငါးချောင်းအောက်မှာ...

လောဘစိတ် ရှစ်မျိုး...

ဒေါသစိတ် နှစ်မျိုး...

မောဟစိတ် နှစ်မျိုးနဲ့...

အကုသိုလ်စိတ် ဆယ့်နှစ်မျိုး ဟင်းချိုလို...

သောက်လို ကောင်းပေမဲ့...

ဝိပါက စားကျက်မှာ လည်ပတ်...

သံသယစိတ် ဖြာကျလာတဲ့...

တစ်နေ့လုံးအတွက်တော့...

မာဂဏ္ဍီပြောတဲ့ လောကချမ်းသာ အထင်နဲ့...

ဖဲမွေ့ရာထက်မှာ ငရဲကျင်စက်တို့သလို လူးလိမ့်ရင်း...

အတွေးတစ္ဆေခြောက်သလို...

ဟိုလည်း စိတ်မချ ဒီလည်း စိတ်မချနဲ့...

ကိုယ့်လိပ်ပြာ အိပ်မပျော်သလို ဖြစ်ပြီး...

တစ်နေ့တာ မိုးတာ လင်းသွားတယ်...

အိပ်မပျော်တဲ့ ဝေဒနာကို မဖြေသာပဲ...

ဘဝဆိုတဲ့ အိမ်ကြီးထဲမှာ...

ရောဂါတစ်ခုတာ တိုးခဲ့တယ်...

ကာယိက သုခ စေတသိက သုခ မရခဲ့ဘူး...

ကဲ...

ဘာတွေ ကောင်းတာ ရှိခဲ့လဲ...

ဘဝတစ်ခုလုံးကို ခန္ဓာဖွဲ့ကြည့်လိုက်တော့...

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဆိုတဲ့

ဒီငါးချက်တာ ရှိပြီး...

ချုပ်လိုက်တော့ ရုပ်နာမ်နှစ်ခုတည်းနဲ့...

ပြင်လိုက် ဆင်လိုက် ပြင်ဆင်လိုက်တာ...

တစ်ဘဝလုံးတာ ကုန်သွားခဲ့တယ်...

လိုက်လို့ မကုန်နိုင်တော့ဘူး...

အဲဒီတော့...

အကြောင်းဟာ သမုဒယ...

ဖြစ်လာတာ ဒုက္ခ...

ချုပ်သွားတာ နိရောဓ...

အရိယသစ္စာကို သိတာ မဂ္ဂ...

သစ္စာလေးချက်ကို မြင်အောင်ကြည့်လိုက်တော့...

အမတကမ္ဘာကို တွေ့ပြီပေါ့...။

==========၀၀၀==========
 
 
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း (ကထိက)
မဟာဝိဇ္ဇာ၊ အမ်.ဖီးလ်၊ ပီအိပ်(ခ်ျ).ဒီ (Thesis)
၁၅-၀၇-၂၀၁၅ (၁၁း ၁၆) မိနစ် တွင် ရေးသားခဲ့သည်

No comments:

Post a Comment