ဓမ္မဖောင်တော်ဖြင့် အမတပြည်သို့
တည်တည်ငြိမ်ငြိမ် နေခါ...
တရားရှာ...
ကိုယ်မှာ တွေ့...
မမေ့ပါဘူး...
သတိထူးနဲ့...
အပ္ပမာဒတရား လက်ကိုင်းထားကာမှ...
စိတ်ကြမ်းကြမ်း မာန ဓလေ့ကြောင့်...
မတွေ့နိုင် သည်တရားသော်မှ...
နီးလျက် ရှောင်သွား...။
========၀၀၀========
တရားရှာ...
ကိုယ်မှာ တွေ့...
မမေ့ပါဘူး...
သတိထူးနဲ့...
အပ္ပမာဒတရား လက်ကိုင်းထားကာမှ...
စိတ်ကြမ်းကြမ်း မာန ဓလေ့ကြောင့်...
မတွေ့နိုင် သည်တရားသော်မှ...
နီးလျက် ရှောင်သွား...။
========၀၀၀========
စက္ခုံ ဥဒပါဒိ ရွတ်ဖတ်ကာ...
စိတ်မျက်စိနှင့် ကြည့်...
ဖြစ်ပျက်သည့် ဤခန္ဓာ...
စက္ကန့်မကွာ အခြားမလပ်တာကြောင့်...
ဇရာရ သည်ရုပ် နာမ်ပေါ်မှာ...
အရင်လို စွမ်းပကားတွေ...
ဘယ်ကိုရောက်လို့ အမောဖောက်နေသလဲ...။
========၀၀၀========
အနမတဂ္ဂ ဘဝသံသရာကို...
ခြောက်အာရုံ ခြုံလွှမ်းတဲ့ သောက...
မျက်ရည်စတို့ နှိုင်းဆ မလွယ်...
သမုဒ်ရေ မက များပါဘိ...
ကြား သိလေသည့် တွေ့ထိ အာရုံ...
မောဟအဟုန် ကြုံသည့်အခိုက်မို့...
စိတ်အမိုက်နှင့် နှစ်ခြိုက်ကာ ခံစား...
ခြေလှမ်းမှားတော့ သွားနေကြဆဲ...။
========၀၀၀========
အခါမနှေးသေးပါဘူး...
အသိဝေဆာ အကိုင်းအခတ်တွေနဲ့...
ဓမ္မ ဖောင်စကြာဖြင့်...
ဘဝနောင်ဆက်စရာ အစပြတ်အောင်လို့...
အရ ရှောင်ထွက်ကာ မရဏဇာတ်ရယ်က...
ထာဝရရပ်ကာ အမြဲအစဉ် အေးစေဖို့...
တဏှာဘောင် ရှောင်ကျော် ထွက်ရအောင်လို့...
ဘဂဝါရှင် ပေးခဲ့တဲ့ ဖောင်ပေါ်တက်ခါ...
ပြည်အမတကို သွားကြစို့လေ...။
...........................................
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
၀၅-၀၉-၂၀၁၄ တွင် ရေးသားခဲ့ပါတယ်...
No comments:
Post a Comment