http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Tuesday, 8 January 2013

နံရံနှစ်ခုကြားက အနာဂတ်


နံရံနှစ်ခုကြားက အနာဂတ်


ပတ်ဝန်းကျင်ကို ငေးနေတဲ့
မျက်လုံးများက နဘေးတဖက်ကို ကြည့်လျှင်
နောက်တဖက်ကို မမြင်နိုင်ဘူး..
အခြေခံ တစ်ခုခုတော့ လိုနေပြီ...
ရှာဖွေ စမ်းသပ်ကြည့်ပါ...
မတွေ့တော့တဲ့ နောက်တနေ့...
ခြေဦးတည်ရာ ထွက်ခွာလာပါလျက်
မျဉ်းပြိုင်တစ်ခုက မေ့မြော
မျဉ်းပြိုင်တစ်ခုက ခရီးသွား
အမှတ်မှားလို့ ဘာများ ပြစ်မှားသွားမိပါလိမ့်..
ခန့်မှန်းချက် မှတ်တိုင်ရှေ့ ရပ်တန့်
ကြိုတင်မချွန်ထားတဲ့ ဥပေက္ခာ မြားတစ်ချောင်း
လိမ်းကျံထားတဲ့ အဆိပ်ငွေ့များက
မကျေမချမ်း မုန်တိုင်းကိုခွင်းလို့
ထိုးဝင် စူးနစ် သွေးများ အိုင်ဖွဲ့ ပေကျံ ပြန့်ကျဲ
မော်ဒန်ခေတ်ရဲ့ အနီးကပ် ထိရှမှု
အော်စကာဆုတွေ တန်းစီ စီးဆင်း
ရိုက်ချက်က ခပ်ပြင်းပြင်း 
တင်းကျပ်နေတုန်းပါလား..။

နောက်တနေ့ ပြန်စာလာတဲ့
နောက်ဆုံး အစုံရထားကြီးထဲ
လူအချို့က ချိုတဲ့အခါ ချိုမြိန်စေခဲ့တယ်
ခါးတဲ့အခါ ခါးသက်စေခဲ့တယ်
အချို အခါး နှစ်ပါးသွား ကခုံနေတဲ့
လောကကြီးရဲ့ ဘဝဇာတ်ခုံထဲ
သဘာဝ စက္ခုနှစ်ကွင်းက
အမြင် ကောင်းကောင်း
ကြည့်တတ်လွန်းလို့ ခေါင်းချတိုင်း
ကိုက်တက်လာတဲ့ ဝေဒနာ
ဆေးသောက်တိုင်း မပျောက်ခဲ့ပါလား...။

တစ်ခါတရံ ငါးစိမ်းသည်လို အော်ငေါက်
တစ်ခါတရံ ချိုမြိန်တဲ့ လူတစ်ယောက်
ဟန်ချက်မညီသလောက် ပြိုချလာတဲ့
နံရံတစ်ချပ် အရောင်ဆိုးလွန်းလို့
အရှေ့က နင်း အနောက်က ထောင်
အနောက်က နင်း အရှေ့က ထောင်နဲ့
ကိုးယိုး ကားယားနိုင်လွန်းတဲ့
အတွင်း အပြင် နှစ်ခုက
ဘယ်အချိန်မှန်း တူညီမှု ရရှိမလဲ...။


အနာဂတ်အတွက် စဉ်းစား...
သံပြိုင် မညီသေးတဲ့ သံစဉ်တစ်ခုရယ်..
လက်ကွက် ကီးများ မညီညာသေးတဲ့
တူရိယာ စောင်းကြိုးများရယ်..
ကိုယ်ရည်သွေး သံစဉ်များ...
သဝန်တို မဖြောင့်ဖြူးတဲ့ အသိုင်းဝိုင်းရယ်..
နားဝင်မချိုတဲ့ စိတ်ကူးမိရာ တီးခတ်တဲ့ ဂစ်တာရယ်
နောက်က အသံယောင် လိုက်တတ်တဲ့
ဝါသနာ အချို့တွေကို စိတ်ပျက်မိတယ်...
ဘယ်အချိန်များ တူညီ လက်တွဲနိုင်မလဲ...။

ဒီလိုမျိုးတွေ အရာအားလုံးကို
တစ်ရာ့ ကိုး တစ်ရာ့ တစ်ဆယ် လမ်းမကျယ်မှာ ပစ်ခဲ့
မော်ဒန် တစ်ခေတ် ရွှေရောင်လွှမ်းစေဖို့
ရင်ခွင်ပြတင်းပေါက်ကို ဖွင့်လှစ်လို့
မာန်မာန ကင်းတဲ့ လူသားအားလုံးတို့ရဲ့ ပလက်ဖောင်းမှာ
တူညီစွာ လက်တွဲလို့ ညီညွတ်ရေး နှစ်သစ်
၂၀၁၃ ခုနှစ်မှာ လူငယ်တွေ အားသစ်လောင်းတဲ့
ဇာတ်ကား တစ်ကား ပြသဖို့ ပိတ်ကားဖွင့်လှစ်စို့...။



တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

No comments:

Post a Comment