http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Friday, 15 February 2013

ကြည့် မှန် တစ်ချက်


 

ကြည့် မှန် တစ်ချက်

 
ဘဝ သင်္ချာအတွက် ပေတံ တိုင်းမှာ

ကိုယ့် ကိုယ်ပိုင် အတိုင်း အထွာ ရှိသလို

လူတွေအတွက် အသိစိတ်တိုင်းမှာ

ကိုယ့် ကိုယ်ပိုင် အတိုင်း အထွာ ရှိတယ်...။


ကိုယ့် အတိုင်း အထွာတွင်းမှာ

ကိုယ် ဘာလုပ်သင့်သလဲဆိုတာ

ကိုယ်ပိုင် ဆုံးဖြတ်ကြတာ သဘာဝပဲလေ...။


ကိုယ့် ခင်းကျင်းတဲ့ ဇာတ်ခုံထဲ

ကိုယ့် ဇာတ်ကောင်တွေကို မူမှန် လမ်းမှန်နဲ့

ကိုယ်စီ လျှောက်လှမ်းတယ်ဆိုပေမဲ့

ဘဝမှာ မမှားဖူးတဲ့ သူမရှိကြဘူး

အပြစ်တွေသာ ပုံချပြီး

ပြင်လို့ မရတဲ့ သူလို့ ပြောနေမည့်အစား

ပြင်စရာရှိရင် ပြင်ပေးလိုက်ပါ...။


ဝေါဟာရတ္ထနှင့် အဓိပ္ပာယတ္ထ

မကွဲပြားသေးတဲ့ ကောင်းကင်အောက်

ပညတ်သွားရာ ဓာတ်သက်ပါသလို

သူ အမှန် ကိုယ် အမှန်နဲ့

ငြင်းခုံမှုတွေ စီးဆင်း

တစ်ယောက်က နေ့

တစ်ယောက်က ည

အသုံးအနှုန်းတွေ ကွာဟ

သဘာဝက သက်ရောက်မှုတွေ

အထင်သား ဖြစ်ပါလျက်

ဘောင်နှစ်ခု ခတ်ထားတဲ့ မြစ်တစ်စင်းထဲ

ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ...။


ဒါပေမဲ့....

ဓာတ်ပုံတစ်ခုကို ဘောင်သွင်းထားရင်

အဲဒီ ဘောင်က အံဝင်ခွင်ကျ ဖြစ်မှ

အံဝင်ခွင်ကျ မဖြစ်တဲ့ တနေ့

ကိုယ့် ဓာတ်ပုံလည်း ပုံမှန် မဟုတ်သလို

ဘောင်ထည့်လည်း အဆင်ပြေမှာ မဟုတ်ဘူ....။


သို့သော်....

အများမသိတဲ့

လူတစ်ယောက်အကြောင်း ပြောဖို့

ကိုယ့် ဘက်က ဆွံ့ အ နေပေမဲ့

လူအများ သိတဲ့

လူတစ်ယောက်အကြောင်း ပြောဖို့ကြတော့

ကိုယ့် နှုတ်မဆိတ်နိုင်တာ

သဘာဝ လားလို့ မေးစရာ ဖြစ်လာတယ်...။


တစ်ခုတော့ရှိတယ်....

သူတစ်ပါး အမှားကို စောင့်ကြည့်ပြီး

ကျော်တတ်ဖို့ စဉ်းစား မနေပါနဲ့

ကိုယ် က ကျော်တတ်ဖူးရင်

ကိုယ့် ကိုယ် ကျော်တတ်ဖို့

နောက်တစ်ယောက် ရှိနေလိမ့်မယ်ဆိုတာ

ကိုယ် သူ့ကို မလုပ်မိခင် စဉ်းစားပါ...။


ကမ္ဘာကျော် သူဌေးကြီး ဘေလ်ဂိတ်က ပြောဖူးတယ်

လူတစ်ယောက်က ကိုယ့်ကို လိမ်သွားရင်

အဲဒီလူကို နောက်တခေါက် ပြန်ခိုင်းလိုက်ပါ

အဲဒါမှ သူ့ရဲ့ စိတ်ထား အမှန်ကို သိရသလို

သူ့ရဲ့ သဘောထားကို သိနိုင်တယ်တဲ့...။


ဒါကြောင့်....

ကိုယ် နေရတဲ့ အချိန်တိုတို ကာလာထဲမှာ

သူများကို ဝေဖန် သုံးသပ်နေတာထက်

ကိုယ့် ကိုယ်ကို ဝေဖန် သပ်သုံးလို့

ကိုယ့် ခရီး အတို အရှည်ကို ကြည့်၍

ကိုယ် လျှောက်သော လမ်းထဲ ကိုယ့် သမိုင်းအတွက်

ကိုယ့် ဘဝကို ကြည့် မှန် တစ်ချပ်နဲ့

အလှဆင်တာ အကောင်းဆုံးပါ...။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment