http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Monday, 4 March 2013

လောင်ကျွမ်းနေတဲ့ နောင်တ တံခါး


 

လောင်ကျွမ်းနေတဲ့ နောင်တ တံခါး

 
မျက်လုံး အဖွင့် အပိတ် နှစ်ခုရဲ့
အခါနှောင်းတဲ့ အသိတရားတွေထဲ
ပင်ကိုယ် အမှားတွေ အချိန်တိုင်း အန်ချ
မသိမှုရဲ့ နောက်ကွယ်က တောင်းပန်ခြင်းများက
အကြိမ်ကြိမ် ဘဝမှာ ဖြတ်သန်းခဲ့တဲ့အခိုက်
အတွေးအိမ်မှာ အရစ်ကျ ပေးဆပ်လိုက်ရတယ်...။

တကယ်တော့....
လောကဓံ နယ်ပယ်ထဲ ကိုယ် စိုက်ပျိုးတဲ့
ဗီဇ တစ်ခုဟာ အမှန်တကယ် ပြုပြင်ဖို့ ခက်တဲ့
အိမ်အိုကြီး လိုပါပဲလေ....။

ဒါပေမဲ့....
ကုသတိုင်း မပျောက်တဲ့ ရောဂါနဲ့
ပြုပြင်တိုင်း မပျောက်တဲ့ ဝေဒနာတွေကို
ဆေးထိုး ဆေးစားလို့ ဆေးဖက်မဝင်တော့
အချိန်က ကုစားသွားနိုင်ဦးမလား
တွေးမိနေတုန်းပေါ့.....။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment