http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Thursday, 6 June 2013

သူတော်ကောင်းတို့၏ ငြိမ်းချမ်းရေး စံအိမ်

 

သူတော်ကောင်းတို့ ငြိမ်းချမ်းရေး စံအိမ်


လူနှင့် မူ ၊ အကျင့်နှင့် အယူ ၊

မတူညီလှ ၊ လူ့ဘဝကား ၊

သူ၏ တန်ဘိုး ၊ ကိုယ့် တန်ဘိုးတို့ ၊

အညီအမျှ ၊ သိဖို့ ခက်လှစွာတည်း...။


ခေါင်းဆောင် လူဗိုလ် ၊ များသူတော်ကား ၊

လက်အောက်လည်း ကြည့် ၊ ပြည်လည်း တင့်၏...။


ဆန့်ကျင် မမူ ၊ လူ သူတော်ကား ၊

မဆန့်ကျင်ခဲ့ ၊ ခန္တီဆက်၏...။


မမိုက်မဲ သူ ၊ လူ သူတော်ကား ၊

မမိုက်မဲခဲ့ ၊ ခန္တီဆက်၏....။


အတ္တ မာန်မမူ ၊ လူ သူတော်ကား ၊

အနတ္တလက်စွဲ ၊ အောင်လံ မြဲတည်း.....။
 



(အထူးမှတ်ချက်ကို ဆက်ဖတ်ရန်)


ရှုပ်ထွေး လောကဓံ ၊ လူ့ နံရံတွင် ၊

ပေကျံ ရစ်ထွေး ၊ ညစ်ပေဆဲမို့ ၊

ရုန်းကန် ထွက်ပေါက် ၊ ရှာကာ ဖောက်လည်း ၊

ကိလေသာ အညစ် အကြေး ၊ ယိုစီးနေမြဲ ၊

သည်ခန္ဓာတွင်းမှာ ၊ ရုပ် နာမ် ဖြစ် ပျက် ၊

သတိ စက်ဖြင့် ၊ ဝင်သက် ထွက်သက် ၊ တိုင်းတာ မှတ်၍ ၊

လက္ခဏာ သုံးရပ် ၊ အခြေခံလျက်ပင် ၊

အနိစ္စ ဒုက္ခ အနတ္တ မမြဲခြင်း သဘောတရား

ဆင်းရဲခြင်းနှင့် အစိုးမရခြင်း သဘောတရားဖြင့်

ဤကိုယ်ကာယ ၊ မှန်သမျှ၌ ၊ ယိုထွက် ပျက်စီးခြင်းပါ တကား ......။




တက္ကသိုလ်မြတ်မင်း 

No comments:

Post a Comment