http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Sunday, 9 June 2013

ကြွင်းကျန်ခဲ့သော ဥပါဒါန် ပြာအိုး


ကြွင်းကျန်ခဲ့သော ဥပါဒါန် ပြာအိုး



မီး တောက်လောင်နေသမျှ

ဆင်းရဲခြင်း ဝဋ်တစ်ခုကို

အကြွေးဆပ်ရမည်သာ ဖြစ်သည်....။


ဘဝတစ်ခု၏ ပေးဆပ်ရမည့် ဝဋ်ရှိသမျှ

မီးဆိုတာ တဖန် တောက်လောင်ရဦးမည်သာ ဖြစ်သည်...။


မငြိမ်းချမ်းခြင်း အစ တိုမီး ၊ ရှို့မီးတွေကြောင့် ဖြစ်သည်....။


မိမိ၏ အတွင်း အပြင်မှာလည်း

အချိန်တိုင်း တောက်လောင်နေသည်...။

သူတစ်ပါးကိုလည်း 

တဖန် တောက်လောင်စေခြင်းသည် မီးဖြစ်သည်...။


မိမိတို့သည် မီး တစ်ဆဲ့တစ်ပါးမှ

ကင်းလွတ်သော ချမ်းသာသုခကို ရှာဖွေသင့်သည်...။


ငါ ၊ သူ ၊ တစ်ပါး ၊ ယောင်္ကျား ၊ မိန်းမတို့

ဘဝအစမှ ဘဝအဆုံးသို့ ရောက်သည့်အထိတိုင်အောင်

မီး တစ်ဆဲ့တမျိုးတို့ တောက်လောင်လျက်

အရိုး မြေချ သုဿာန် ပို့လိုက်သော်လည်း

စက်ခေါင်းတိုင်သွင်း ပြာအဆင်းသို့

သက်ဆင်းရခြင်း အဆုံးရှိပေပြီ တကား......။




တက္ကသိုလ်မြတ်မင်း


No comments:

Post a Comment