http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Thursday, 1 August 2013

ချိန်ခွင်

 

ချိန်ခွင်


မျှော်လင့်ချက်ဆိုတာ...

လေလွင့်နေတဲ့ အမှိုက်စ တခုလိုပါပဲ

လေပြေလေညှင်းတွေ

ရွေ့လျားလာတိုင်း

လွင့်မြောနေကြရတာပါ....။


သို့သော် အားလုံးက...

ကြံစည်ထားတာက တခြား

လုပ်မိတာက တခြားနဲ့...

အပြော လွယ်သလောက်

အလုပ် ခက်ပါတယ်....။


ဘယ်လောက်ပဲ လွယ်တယ် ပြောပြော

ကိုယ်တိုင် လုပ်ကိုင်ဖူးမှ

အသေးစိတ် သိနိုင်မှာပါ...။


ဘယ်ဘဝ ဘယ်လိုပဲ ရောက်ရောက်

အားလုံးက အကောင်းဆုံး လုပ်ကိုင်နိုင်မှ

ရလာဒ်ကောင်း တခု ဖြစ်မှာပါ....။


အခွင့်အရေးဆိုတာ...

အခက်အခဲတွေထဲမှာ ဒွန်တွဲနေတာပါ...

အောင်မြင်မှုနှင့် လုပ်ဆောင်ချက်ဟာ

အလေး မသာပဲ ညီမျှနေမယ်ဆိုရင်...

ကိုယ်တိုင် ကြိုးစားတဲ့ နေ့ရက်တိုင်းဟာ

ရက်ရာဇာတွေပါပဲ....။


တက္ကသိုလ်မြတ်မင်း 


No comments:

Post a Comment