http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Thursday, 14 March 2013

ပေးဆပ်သူတို့ ရင်ခွင်ဟာ အဖြည့ခံ သက်သက်ပါ


 

ပေးဆပ်သူတို့ ရင်ခွင်ဟာ အဖြည့်ခံ သက်သက်ပါ


 
သဘာဝ ဓာတ်ကြီးလေးပါးရဲ့ 
အငွေ့သက် အားကောင်းမှုနှင့်
ဥယျာဉ်မှူး အမှန်တကယ် 
အမြတ်တနိုး စိုက်ပျိုးထားတဲ့
ပျိုးခင်းထဲက သစ်ပင်ဟာ
ရေသောက်မြစ်ကို မှီတွဲပြီ
အသက်ရှင်သလို
မြေခံကောင်းမှ ရှင်သန်ကြစမြဲလေ....။

တကယ်တော့...
ဥယျာဉ်မှူး တစ်ယောက်ဆိုတာ...
မြေကောင်း မြေသန့်မှာ 
မျိုးစေ့ ကောင်းကောင်းချခဲ့တယ်...
အရာအားလုံး စွန့်ပစ်လိုက်တာ 
နှစ်တွေကြာလွန်ခဲ့ပါပြီ....

တကယ့် တန်ဘိုး မသိသူအတွက် 
တိုက်ခိုက်စရာ ဖြစ်ပေမဲ့
တကယ့် တန်ဘိုး သိသူအတွက် 
မြတ်နိုးစရာပါ...။

အခြေနေ တစ်ခုကို မသိသူအတွက် 
မုန်းစရာ ဖြစ်ပေမဲ့
အခြေနေ တစ်ခုကို သိသူအတွက် 
ချစ်စရာပါ....။

စနစ်ဆိုးတွေအောက် ခေါင်းလျှိုခဲ့ပေမဲ့
စနစ်ကောင်းတွေအောက် 
ခေါင်းမော့လာတဲ့အခါ...။

မခံယူနိုင်သူအတွက် ဒေါသဖြစ်လာခဲ့ပေမဲ့
ခံယူနိုင်သူအတွက် မျက်ရည်မိုးတွေ ပြိုကျမတတ်ပေါ့...။

အချိန်တွေ အများကြီး ပေးဆပ်ခဲ့တယ်...
ဘယ်သူ့အတွက်လည်း မေးကြည့်တော့....။

သူတို့ ခံစားသလို မခံစားရဘူးလို့ မထင်လိုက်ပါနဲ့
သူတို့နှင့် ထပ်တူ ခံစားခဲ့တာပါ....။

တိမ်ယံမှာ မိုးသားမည်းညိုတွေ အုပ်စိုင်း
ကြယ်တွေလည်း ပျောက်ဆုံးခဲ့လို့
အိမ်ပြန်လမ်းမှာ မိုးစက်တွေ စိုဆွတ်နေပါလျက်
ပူလောင်မှုတွေ မဖြိုချနိုင်ခဲ့ပါလား....။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment