http://www.venpunnavamsa2.blogspot.com တက္ကသိုလ်မြတ်မင်းမှ ကြိုဆိုပါသည်.... ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လို့ ရောက်လေရာဘ၀ဆက်တိုင်း သာသနာတော်ကြီးးနှင့် တွေ့ဆုံနိုင်သော သာသနာ့အမွေခံထိုက်သူများ ဖြစ်နိုင်ကြပါစေ....

Friday, 15 March 2013

သက်ရောက်မှုကြောင့် ရွာသော မိုး


သက်ရောက်မှုကြောင့် ရွာသော မိုး


ဘဝရဲ့ ခရီး အရှည်ကို
ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိပေမဲ့
ကိုယ် လျှောက်လှမ်းသည့်
ခရီး အတိုင်းတာ ပမာဏတွေကိုတော့
ကိုယ် လိုအပ်သလို ထိန်းချုပ်ခွင့် ရှိပါတယ်...။

ဒါပေမဲ့...
ငါဟာ ချို့ယွင်းချက် အပြည့်နဲ့
ရပ်တည်နေရတဲ့ လူတစ်ယောက်ပါ...
ဘဝရဲ့ စာမျက်နှာ အနှစ်ချုပ်ကို ကြည့်တော့
ငါ ကိုယ်တိုင် မပြည့်ဝသေးသူပါ....။

တနေ့တော့...
ငါ ကိုယ်တိုင် သုံးသပ် ဝေဖန်ကြည့်တယ်...
အခက်အခဲတွေ မရင်ဆိုင်ရဲမှုဟာ
ရင့်ကျက်မှု စိတ်ဓာတ်နှင့်
အသိဥာဏ် မပြည့်ဝသေးလို့ပါပဲ...။

တကယ်တော့...
အားလုံးကို သိမ်းခြုံပြီး စဉ်းစားကြည့်ပါ...
ဒါတွေဟာ ကိုယ် ရှင်သန်နေတဲ့
ဘဝနဲ့တော့ မသက်ဆိုင်ပါဘူး..
နုပျိုနေတဲ့ စိတ်ဓာတ်နဲ့သာ
အဓိက သက်ဆိုင်နေတာပါ...။

နောက်ဆုံးတော့....
ကိုယ် လုပ်ဆောင်တဲ့ အရာအားလုံးကြောင့်
ကံ စေတနာ မွဲမှုနှင့် 
အသိဥာဏ်တွေ လွဲချော်မှုတွေဖြစ်ခဲ့ရင်
ကိုယ့် ဘဝ အလံမလဲအောင် အံခဲလို့
ကိုယ့် သတ်မှတ်ချက် ရေဆူမှတ် ပန်းတိုင်ကို
သက်ရောက်မှုအပြည့် ရွာချလိုက်တဲ့
ဇွဲ စိတ်ဓာတ်နဲ့ လျှောက်လှမ်းဖို့တော့ လိုအပ်လာပြီလေ....။
 



တက္ကသိုလ်မြတ်မင်း 

No comments:

Post a Comment