အမှောင်ခွင်းသော ညရဲ့ လမင်း
ဝေဒနာ ကကြိုးဆင်းနေတဲ့ ညနေခင်းမှာ...
ဘဝငှက်တွေ အိပ်တန်းပျံနေပါရဲ့...
တစ်ကိုယ်လုံး ချွေးစက်တွေနဲ့...
ကမ်းမမြင် လမ်းမမြင်တဲ့ မုန်တိုင်းတွေထဲ...
ဆာလောင်မှု လှိုင်းခတ်သံတွေ တဝုန်းဝုန်း ရုန်းထွက်...
ဒီ အတတ် အကျ မငြိမ်တဲ့ လောကအလယ်မှာ...
ပွင့်လာတဲ့ ပန်းတိုင်းကို နမ်းရှိုက်..
ဝေးလွန်းတဲ့ ခရီးကို သွားခဲ့ပြီး...
တဘောင်တွေ ဘဝကို နှိပ်ခတ်...
အိပ်မက်ဆိုးတွေ နိုးကြားလာတဲ့ ညသံခေါင်ယံမှာ...
ရုတ်တရက် ထထိုင်ရင်း...
မောပန်းမှုတွေ အန်ချခဲ့...
စာနာတတ်တဲ့ ကြယ်ကလေးတွေက...
မျက်တောင်တွေ ခတ်...
ကရုဏာသက်နေတဲ့ လမင်း..
ညရဲ့ အမှောင်ကို ခွင်းနေဆဲ...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment