မှ တခြားမရှိ
ပုံရိပ်ချယ်တဲ့ ကောင်းကင်မှာ...
အတောင်ပံခတ်လို့ ပျံသန်းနေရင်း...
ဘဝအပေါ် ပျော်ရွှင်နေတဲ့...
၁၀၉ ၁၁၀ လေဟာနယ်...
သဘာဝ အပေါ်ယံမှာ..
ပညတ်တွေ သက်ရောက်မှုတွေနဲ့...
အကောင်း အဆိုးတွေ ဝေဖန်သုံးသပ်ရင်း...
တသသ ဖြာကျလာတဲ့ အတွေးပုံရိပ်တွေဟာ...
ပတ်ဝန်းကျင်ကို ရိုက်ခတ်...
ကရုဏာသက်နေတဲ့ တေးသံတချို့...
လောကဓံ နံရံမှာ ပဲ့တင်လျက်...
ခိုင်မာလွန်းတဲ့ ကိုယ့်အတ္တတွေနှင့်...
ဘောင်ခတ်ထားတဲ့ မြစ်...
ကွေကွင်းသွားတဲ့ အတိတ်တချို့ဟာ...
ဘဝပုံရိပ်တွေအောက်မှာ စီးမျော...
ရီသံ တချို့ ငိုသံ တချို့...
မောဟိုက်မှုတွေကြား ညည်းတွားရင်း...
မှောင်သထက် မှောင်လာပြီ...
ကံကြမ္မာဟာ သူဟာ သူ နေပါစေတော့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment